Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဧရာဝတီမြစ်ရေ ထူးခြားတက်နေသဖြင့် မြစ်ကမ်းနားနေသူများကို သတိပေး

$
0
0

 

မန္တလေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းထဲက မြို့ရွာတွေမှာ ဧရာဝတီမြစ်ရေ တက်နေတာကြောင့် မြစ်ကမ်းနားနေထိုင်သူတွေနဲ့  မြစ်ကြောင်းသွား လှေ၊သင်္ဘောတွေ ဂရုပြုကြဖို့ မိုးဇလဌာနက သတိပေးလိုက်ပါတယ်။

ထူးခြားမြစ်ရေအခြေအနေတွေကို မိုးဇလဌာနက ထုတ်ပြန်ထားရာမှာ  ကသာမြို့မှာ (၂) ရက် အတွင်း (၇)ပေခန့် မြင့်တက်ခဲ့ပြီး သပိတ်ကျင်းမြို့မှာ (၂) ရက်အတွင်း (၅)ပေခန့်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ  (၁)ရက်အတွင်း (၁)ပေမှ (၁)ပေခွဲခန့် မြင့်တက်ခဲ့တယ်လို့ဆိုပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာ မြင့်တက်ခဲ့တဲ့ အဆိုပါ မြစ်ရေတွေဟာ  နောက်(၁) ရက်အတွင်း သပိတ်ကျင်းမှာ  (၁) ပေခန့်၊ နောက် (၁) ရက်မှ (၅) ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦနဲ့ ချောက်မြို့တွေမှာ  (၃)ပေခွဲမှ (၅)ပေခန့် မြင့်တက်နိုင်သလို  နောက် (၂) ရက်မှ (၈) ရက်အတွင်း မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တွေမှာ  (၂)ပေမှ (၃) ပေခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့်  မြစ်ကြောင်းတွေအတွင်း သွားလာနေကြတဲ့ ရေယာဉ်၊ လှေ၊ သင်္ဘောတွေ ဂရုပြုကြဖို့နဲ့  မြစ်ရေနည်းစဉ် သဲသောင်ခုံတွေမှာ  စိုက်ပျိုးနေထိုင်ကြသူတွေလည်း မြစ်ရေတိုးလာနိုင်တာကို ဂရုပြုနေထိုင်ကြဖို့ မိုးဇလဌာနက  အကြံပြုထားပါတယ်။

The post ဧရာဝတီမြစ်ရေ ထူးခြားတက်နေသဖြင့် မြစ်ကမ်းနားနေသူများကို သတိပေး appeared first on DVB.


Viewing all articles

Trending Articles