Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြန်မာနိုင်ငံတဝန်း အချိန်အခါမဟုတ်မိုး နောက် ၅ ရက်အထိ ရွာသွန်းနိုင်

$
0
0

မြန်မာနိုင်ငံတဝန်း အချိန်အခါမဟုတ်မိုးများ နောက် ၅ ရက်အထိ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

အနောက်ဘက်က ရွေ့လျားလာတဲ့ လေအေးများ၊ ဘင်္ဂလားပင်လယ်အော်ဘက်က ရွေ့လျားလာတဲ့ လေနွေးများ စုဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းများကြောင့်လည်းကောင်း အချိန်အခါမဟုတ်မိုးများ ရွာသွန်းနိုင်တာလို့ မိုးလေဝသ သတင်းမှာ ဖော်ပြပါတယ်။

မိုးလေဝသဌာနရဲ့ ဒီမနက် ၆ နာရီအချိန် ထုတ်ပြန်ချက်အရ ကျိုင်းတုံမြို့၊ ဟားခါးမြို့၊ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မန္တလေးမြို့၊ တပ်ကုန်းမြို့နဲ့ မိုးညှင်းမြို့၊ တမူးမြို့တို့မှာလည်း မိုးအနည်းငယ်ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

မှတ်သားဖွယ်ရာ မိုးရေချိန်တွေကတော့ ပင်လောင်းမြို့မှာ ၁ ဒသမ ၁၀ လက်မ၊ မြစ်ကြီးနားမြို့နဲ့ လွိုင်လင်မြို့မှာ ၀ ဒသမ ၂၀ လက်မ၊ ဟဲဟိုးမြို့၊ ပင်လယ်ဘူးမြို့နဲ့ ရမည်းသင်းမြို့တို့မှာ ၀ ဒသမ ၁၆ လက်မ၊ ဖလမ်းမြို့မှာ ၀ ဒသမ ၁၂ လက်မ၊ ကသာမြို့၊ ဗန်းမော်မြို့၊ တောင်ကြီးမြို့၊ နမ့်စန်မြို့၊ ကလေးမြို့နဲ့ မိတ္ထီလာမြို့တို့မှာ ၀ ဒသမ ၀၈ လက်မ၊ လားရှိုးမြို့နဲ့ မိုးကုတ်မြို့တို့မှာ ၀ ဒသမ ၀၄ လက်မ အသီးသီးဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့မှာတော့ မနက်ပိုင်း မြူထူများ ကျဆင်းခဲ့တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။

The post မြန်မာနိုင်ငံတဝန်း အချိန်အခါမဟုတ်မိုး နောက် ၅ ရက်အထိ ရွာသွန်းနိုင် appeared first on DVB.


Viewing all articles

Trending Articles