by dvburma
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဒီကနေ့ မွန်းလွဲပိုင်း၂ နာရီဝန်းကျင်လောက်က ရုတ်တရက် လေပြင်းတွေတိုက်ခတ်ပြီး မိုးရွာသွန်းမှုတွေဖြစ်ပွားခဲ့ပါတယ်။
လေပြင်းတွေတိုတ်ခတ်တာကြောင့် မြို့ပေါ်ရပ်ကွက်အချို့မှာရော ကလေးမြို့အနီးနားက ကျေးရွာတွေမှာ လူနေအိမ်တွေအမိုးတွေလန်ကာ ပျက်စီးသွားတယ်လို့ ကလေးခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက ဦးမြတ်ဇော်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ လူတွေ ထိခိုက်ဒဏ်ရာရမှု ရှိမရှိတော့ မသိရသေးပါဘူး။
ရုပ်သံ – ကလေးမြို့မီဒီယာ
The post ကလေးမြို့တွင် ကြောက်မက်ဖွယ် လေပြင်းတိုက် (ရုပ်သံ) appeared first on DVB.