Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်နှင့် ခရီးသည်တင်ရေယာဉ်များ ရပ်နားခိုင်းထား

$
0
0

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဒေသကြီးအတွင်းက ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်နဲ့ ခရီးသည်တင် ရေယာဉ်တွေကို ဒီကနေ့ နေ့လည် ၁ နာရီကစတင်ရပ်နားခိုင်းထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ဒီဗွီဘီကိုပြောပါတယ်။

ပင်လယ်ပြင်မှာရောက်ရှိနေတဲ့ ရေယာဉ်တွေအနေနဲ့ နီးစပ်ရာ အကာကွယ်ဖြစ်စေမယ့် ကမ်းရိုးတမ်းနဲ့ မြစ်ချောင်းတွေမှာ ရပ်နားထားဖို့ကိုလည်း သတိပေးချက်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ သင်္ကြန်ကာလအတွင်း ပင်လယ်ကမ်းခြေ အပန်းဖြေသူတွေအတွက်လည်း အန္တရယ်ကင်းရှင်းစေဖို့ သက်ဆိုင်ရာမြို့နယ်အလိုက်ညွန်ကြားထားတယ်လို့ပြောပါတယ်။

လက်ရှိ မုန်တိုင်းအခြေအနေကိုတော့ လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး ဧရာဝတီတိုင်းဒေသကြီး အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လို့ ဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။

ပုသိမ်မြို့မှာတော့ မနက်ပိုင်းကတည်းက မိုးအုံ့နေပြီး နေလည်ပိုင်းမှာတော့ နာရီဝက်ခန့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လက်ရှိအချိန်မှာ မိုးဖွဲအနည်းငယ်ကျဆင်းနေပါတယ်။
သတင်း – သော်ဇင်မျိုး

The post မုန်တိုင်းကြောင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်နှင့် ခရီးသည်တင်ရေယာဉ်များ ရပ်နားခိုင်းထား appeared first on DVB.


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ