Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းကြောင့် ထိခိုက်မှုများကို ကုလသမဂ္ဂ စစ်တမ်းကောက်

$
0
0

မြန်မာနိုင်ငံ၊ ရခိုင်ပြည်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မာရသာ မုန်တိုင်းကြောင့် ထိခိုက်တာတွေကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က စစ်တမ်းကောက်ယူနေပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းဟာ ဧပြီ ၁၆ ရက်ညမှာ သံတွဲမြို့အနီး ဖြတ်ကျော်ခဲ့တာကြာင့် ထိခိုက်တာတွေရှိရင် အွန်လိုင်းက ဖြေဆိုပေးဖို့ သူတို့က တောင်းဆိုပါတယ်။

စစ်တမ်းထဲမှာ အိမ်အခြေအနေ၊ မိသားစုတွေ အခြေအနေ၊ တိရစ္ဆာန်တွေ အခြေအနေ၊ စိုက်ပျိုးမြေ၊ ငါးဖမ်းလှေ၊ ကိရိယာတွေ အခြေအနေအနေတွေကို မေးမြန်းထားပါတယ်။ ပြီးတော့ သွားလာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ရေနဲ့ စားနပ်ရိက္ခာ အခြေအနေကိုလည်း ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒီစစ်တမ်းကြောင့် ကယ်ဆယ်ရေးတွေ ကွင်းမဆင်းမခင်မှာ လိုအပ်ချက်တွေကို စောစောစီးစီးနဲ့ အမြန်ဆုံး သိနိုင်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ဟာ ကုလသမဂ္ဂရဲ့ ထောက်ပံ့ကူညီရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကို သတင်းအချက်အလက်တွေ ပေးတာလည်း ဖြစ်ပါတယ်။

အွန်လိုင်းက စစ်တမ်းကို ဖြေဆိုမယ် ဆိုရင်တော့ https://www.surveymonkey.com/r/YQPLC8P ကနေ ဖြေဆိုနိုင်ပါတယ်။

The post မုန်တိုင်းကြောင့် ထိခိုက်မှုများကို ကုလသမဂ္ဂ စစ်တမ်းကောက် appeared first on DVB.


Viewing all articles

Trending Articles