စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှာ မေလ ၁၆ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေကြောင့် စိုင်ပြင်၊ မင်းဆွေနှစ်၊ ဆည်တော၊ အိမ်ရာ စတဲ့ကျေးရွာတွေမှာ နေအိမ်တွေ အပါအဝင် ဘုန်းကြီးကျောင်းနဲ့ အခြားအဆောက်အဦတွေ လေလန် ပြိုလဲပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
လေပြင်းကြောင့် စိုင်ပြင်ရွာမှာ နေအိမ် ၂၂ အိမ်ပြိုကျခဲ့ပြီး ၁၃၀ အိမ် ထိခိုက်ခဲ့ကာ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ အခြား ၁၃ ခုတို့လည်း ပျက်စီးခဲ့ပါတယ်။
မနေ့က တိုက်ခတ်ခဲ့တဲ့ လေကြောင့် ဒီပဲယင်းမြို့နယ်အတွင်းမှာ နေအိမ်ပေါင်း ၁၉၃ အိမ် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။
လေပြင်းကျရောက်ရာဒေသကို ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကြည့်ရှုပြီး ကူညီ ထောက်ပံ့တာတွေလည်း ပြုလုပ်နေပါတယ်။
မနေ့က ပျက်စီသွားတဲ့ နေအိမ်တွေအတွက် ပျက်စီးမှုအပေါ် မူတည်ပြီး စုစုပေါင်း ငွေကျပ် ၈၂ သိန်း ၂ သောင်းကျပ်နဲ့ ပစ္စည်း ၅ မျိုးစီတို့ကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
မေလအတွင်း ဒီပဲယင်းမြို့နယ်မှာ မိုးသီးကြွေ၊ လေပြင်းတိုက်မှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှု ခံယူနေရသလို တိရစ္ဆာန် ၁ ကောင်လည်း သေဆုံးခဲ့ပြီး လုံးဝပြိုကျပျက်စီးသွားတဲ့ နေအိမ် ၄၈ အိမ် အပါအဝင် နေအိမ် အဆောက်အဦပေါင်း ၅၀၀ ခန့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိ ပျက်စီးမှုတွေကိုတော့ သက်ဆိုင်ရာက ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။
The post ဒီပဲယင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ နေအိမ် ၂၀၀ နီးပါးပျက်စီး appeared first on DVB.