Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

သထုံတွင် မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် (သတင်းဓာတ်ပုံ)

$
0
0

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာမှာ မေ ၁၇ ရက်နေ့နဲ့ မေ ၁၈ ရက်နေ့က မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ကြပါတယ်။

မွန်ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက “မြန်မာနိုင်ငံအတွင်း မိုးရာသီကာလ ရောက်ရှိလာတာကြောင့် မုန်တိုင်း ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါ အများပြည်သူ အသက်အိုးအိမ် မပျက်စီးစေရေးအတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ ဇာတ်တိုက် လေ့ကျင့်မှု ပြုလုပ်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြို့နယ်အလိုက် သဘာဝဘေး တားဆီးရေးကော်မတီတွေ ဖွဲ့ပြီးတော့ အမှန်တကယ် ဖြစ်လာရင် ဒီအဖွဲ့တွေကနေပြီး ပြည်သူတွေကို ဘယ်လို ကယ်ထုတ်မလဲ။ ပြီးရင် ကျန်းမာရေးအတွက် ဘယ်လို ကုသပေးရမလဲ၊ အဖွဲ့အစည်းအသီးသီးကနေ သူတို့ ကဏ္ဍအလိုက် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာတွေကို လက်တွေ့ လေ့ကျင့်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြည်သူတွေကလည်း မုန်တိုင်း သတိပေးချက် ကြားတာနဲ့ လိုက်နာ ဆောင်ရွက်ရမယ့် အချက်တွေကိုပါ တခါတည်း သရုပ်ပြသပေးသွားမယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်က မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမဖြစ်ဘဲ လေပြင်းကျရောက်မှုကြောင့် အိမ်ခြေ ၄၀ လောက် ပျက်စီးခဲ့ပေမယ့် လူသေဆုံးမှု မရှိခဲ့ဘူးလို့ မွန်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးက သိရပါတယ်။

မွန်ပြည်နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုတွေကို ပင်လယ်ကမ်းစပ်၊ မြစ် ချောင်းနဲ့နီးတဲ့ ကျေးရွာတွေမှာ အလေးထား ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒုံဝန်းကျေးရွာမှ ဦးခွန်အောင်ကြည်က “သဘာဝဘေးနဲ့ပတ်သက်ပြီး ခုလို အသိပညာတွေ လာပေးတာဆိုတော့ အများကြီး ဗဟုသုတရပါတယ်။ ဒါတွေကို သိထားတော့လည်း ကိုယ့်ရွာထဲကလူတွေကို ပြန်ပြီးကူညီနိုင်တာပေါ့။ ကျနော်တို့ရွာဆို နှစ်တိုင်း မိုးများရင် ဘီးလင်းမြစ်ရေ တက်တာနဲ့ စိုးရိမ်မှုက မြင့်လာတာပဲ။ နာဂစ်တုန်းကတော့ ရွာမှာ လူနဲ့တိရစ္ဆာန် သေကျေပျက်စီးတာ မရှိခဲ့ပေမယ့် လူနေအိမ်တွေတော့ ပျက်စီးခဲ့တာပေါ့”’လို့ ပြောပါတယ်။

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပြီး ထိခိုက်ပျက်စီးမှုတွေ ရှိလာပါက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုး ထောက်ပံ့ပေးသွားမယ့်အပြင် နေအိမ်အဆောက်အဦ ပျက်စီးပါက ငွေကျပ် ၁ သိန်းမှ ငွေကျပ် ၂ သိန်း၊ လူသေဆုံးမှု ဖြစ်ပါက ကလေး လူကြီးမရွေး ငွေကျပ် ၃ သိန်း၊ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရပါက ငွေကျပ် ၅ သောင်း စသဖြင့် ထောက်ပံ့ပေးအပ်သွားမယ်လို့ သိရပါတယ်။

သတင်း – ယူမင်းစိုး

The post သထုံတွင် မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် (သတင်းဓာတ်ပုံ) appeared first on DVB.


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး