Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုရာမုန်တိုင်းကြောင့် ချင်းပြည်နယ် ပလက်ဝတွင် သစ်ပင်နှင့်နေအိမ်များ လဲပြိုပျက်စီး

$
0
0

 

အင်အားပြင်း မိုရာဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် ချင်းပြည်နယ် ပလက်ဝမြို့မှာ သစ်ပင်တွေလဲပြို၊ လူနေအိမ်တချို့ အမိုးတွေလန်တာ ဖြစ်ပွားခဲ့တယ်လို့ လက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီကနေ့ မနက် ၅ နာရီလောက်ကနေ ၉ နာရီခွဲလောက်အထိ ပလက်ဝမှာ လေပြင်းတိုက်တာ၊ မိုးသည်းထန်စွာ ရွာသွန်းတာတွေ ဖြစ်ပွားခဲ့ပြီး လေတိုက်နှုန်းတနာရီကို ၂၅ မိုင်နှုန်းတိုက်ခိုက်ခဲ့သလို မိုးရေချိန် ၃ ဒသမ ၇ လက်မလောက် ရွာသွန်းခဲ့တယ် လို့လည်းပြောပါတယ်။

မုန်တိုင်းကြောင့် ကျေးရွာတွေဘက်မှာတော့ ထိခိုက် အပျက်အစီး အခြေအနေ မသိရသေးကြောင်းလည်း ပြောပါတယ်။  

The post မိုရာမုန်တိုင်းကြောင့် ချင်းပြည်နယ် ပလက်ဝတွင် သစ်ပင်နှင့်နေအိမ်များ လဲပြိုပျက်စီး appeared first on DVB.


Viewing all articles