Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မော်စကိုမြို့တွင် မုန်တိုင်းကြောင့် ၁၁ ဦး သေဆုံး (ရုပ်သံ)

$
0
0

ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ မေ ၂၉ ရက်နေ့က မုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် အနည်းဆုံး  လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

လူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး သစ်ပင်တွေ ရာနဲ့ချီ အမြစ်ကနေ ကျွတ်ထွက်ခဲ့တယ်လို့လည်း မော်စကို မြို့တော်ဝန် ဆာဂျီ ဆိုဘရာနင်ရဲ့ တွစ်တာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။

လေတိုက်နှုန်း ၁ နာရီကို မိုင် ၅၀ အထိ ရှိတယ်လို့ မိုးလေဝသပညာရှင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သစ်ပင်တွေ ပြိုလဲတာကြောင့် ကားလမ်းတွေနဲ့ ရထားလမ်းတွေ ပိတ်ဆို့ခဲ့ရပါတယ်။ မော်စကိုမြို့ဟာ နွေရာသီ လေပြင်းတိုက်ခတ်တာ မဆန်းပေမယ့် အခုလို ရာသီဥတု ပြင်းထန်တာမျိုးကတော့ ကြုံခေါင့်ကြုံခဲ ဖြစ်ပါတယ်။

မုန်တိုင်း ဝင်ရောက်တာကြောင့် တနေ့တည်း လူ ၁၁ ဦး သေဆုံးမှုဟာ အနှစ် ၂၀ နီးပါးအတွင်း အမြင့်ဆုံး ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ကလည်း မော်စကိုမှာ မုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် ၈ ဦးကနေ ၁၁ ဦးကြား သေဆုံးခဲ့ပါတယ်။

The post မော်စကိုမြို့တွင် မုန်တိုင်းကြောင့် ၁၁ ဦး သေဆုံး (ရုပ်သံ) appeared first on DVB.


Viewing all articles

Trending Articles


ပရုပ်လုံးနံ့လေး မွှေးနေတဲ့ အဝတ်အထည် တွေရဲ့ ကြောက်စရာ အန္တရာယ်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မနောမယအိမ်ခြံမြေရောင်းနည်း