Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အားကောင်းသည့် မိုးတိမ်တောင်ကြောင့် မိုးသီးကြွေ၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်နိုင်

$
0
0

တနိုင်ငံလုံး မေ ၃၁ ရက်နေ့မှာ မိုးတိမ်တောင်ဖြစ်နိုင်ခြေများ ရှိနေပြီး အားကောင်းတဲ့ မိုးတိမ်တောင်ကြောင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းနဲ့ မိုးကြိုးပစ်ခြင်းတို့ ဖြစ်နိုင်ကြောင်း ဦးထွန်းလွင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင် မိုးတိမ်တောင်ဖြစ်ဖို့ သေချာမှု ၅၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောကြားလိုက်တာပါ။

မိုးတိမ်တောင်တွေဟာ မွန်းလွဲ ညနေပိုင်းတို့မှာ အဖြစ်များလေ့ရှိပြီး အားကောင်းတဲ့ မိုးတိမ်တောင်ကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက် မိုးသည်းတန်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းနဲ့ မိုးကြိုးပစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။

မိုးခြိမ်းသံကြားရပါက မိုးတိမ်တောင်ဟာ မိမိနဲ့ နီးကပ်စွာ တည်ရှိနေတတ်လို့ အန္တရာယ်ကို ပိုသတိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မိုးတိမ်တောင်တွေဟာ မုတ်သုံအ၀င်ကာလတွေမှာ နေ့တိုင်းလိုလို ဖြစ်တတ်ပြီး မုတ်သုံဝင်အပြီး တပတ်လောက်အကြာမှာ လျော့နည်းသွားလေ့ရှိတယ်လို့ ဆိုပါတယ်။

The post အားကောင်းသည့် မိုးတိမ်တောင်ကြောင့် မိုးသီးကြွေ၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်နိုင် appeared first on DVB.


Viewing all articles

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ချစ်စရာ့ မြန်မာ့ဓလေ့


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


TTA Oreo Gapp Installer


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး