Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုးကြီးရေလျှံမှုကြောင့် ဒဂုံစင်တာ ပိတ်ထားရ

$
0
0

ရန်ကုန်မြို့မှာ ဇွန် ၄ ရက်နေ့ မွန်းလွဲပိုင်းက  မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြေနီကုန်းမှာရှိတဲ့  ဒဂုံစင်တာ ၁ ကုန်တိုက် အောက်ထပ်ရှိ ကားရပ်ရာနေရာ ကားပါကင်ထဲ ရေတွေ ဝင်လာပြီး ဈေးဝယ်စင်တာကို ယာယီ ပိတ်ထားရပါတယ်။

ရေအမြင့်ပေ ၃ ပေခွဲလောက်ထိ ရေမြင့်တက်လာတာကြောင့် ကားပါကင်ရှိကား ၁၂ စီး လောက် ရေနစ်မြုပ်ခဲ့ပြီး မီးစက်တွေ အပါအဝင် အောက်ဆုံးထပ်ရှိ ဈေးဆိုင်ခန်းတွေရဲ့ ပစ္စည်းဂိုဒေါင်တချို့  ရေနစ်မြုပ်ခဲ့ပါတယ်။

ဒဂုံစင်တာကတာဝန်ခံတဦးက “စင်တာက ဆိုင်ခန်းတွေကတော့ လောလောဆယ် ၂ ရက် ပိတ်မယ်လို့ ပြောထားတယ်။ ကျန်တဲ့အပိုင်းကတော့ အခြေအနေအရ ဆက်လုပ်သွားပါမယ်”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေလာရောက်ပြီး ကားပါကင်ထဲရှိ ရေတွေကို   ရေစုပ်စက်တွေနဲ့ ကူညီစုပ်ထုတ်ပေးနေပါတယ်။

The post မိုးကြီးရေလျှံမှုကြောင့် ဒဂုံစင်တာ ပိတ်ထားရ appeared first on DVB.


Viewing all articles

Trending Articles