Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းဖြစ်ဖို့ အလားအလာကောင်းနေဟု မိုးလေဝသပညာရှင် ခန့်မှန်း  

$
0
0

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဆက်လက်ဖြစ်ပေါ်နေပြီး  ကြီးမားတဲ့ တိမ်တိုက်ကြီးတခုဟာလည်း တွဲလျက် ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထုတ်ပြန်ပါတယ်။

မုန်တိုင်းဖြစ်ဖို့ အလားအလာတွေဟာ ပုံမှန်ထက်ပိုနေပြီး သေချာမှု ရာခိုင်နှုန်းကလည်း မှန်မှန်တိုးလာနေတယ်လို့ ဆိုပါတယ်။

ဒီလေဖိအားနည်းရပ်ဝန်းကြောင့် အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေနဲ့ မြန်မာနိုင်ငံ အနောက်ကမ်းခြေတွေမှာ မုတ်သုံလေတွေ အားကောင်းလာပြီး မိုးတွေ ရွာလာစေလိမ့်မယ်၊ လေဖိအားနည်းရပ်ဝန်း တည်ရှိရာ ပင်လယ်ပြင်မှာလည်း မိုးကြီးလေထန် အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီအချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေါက်တာထွန်းလွင်

The post မုန်တိုင်းဖြစ်ဖို့ အလားအလာကောင်းနေဟု မိုးလေဝသပညာရှင် ခန့်မှန်း   appeared first on DVB.


Viewing all articles

Trending Articles