Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းဖြစ်ဖို့ အလားအလာရှိနေဟု မိုးဇလပညာရှင် ဒေါက်တာဦးထွန်းလွင် ခန့်မှန်း

$
0
0

ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်ပြင်နဲ့ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း ရေပြင်တို့မှာ  မုန်တိုင်းဖြစ်လာနိုင်တဲ့ လေထုမတည်ငြိမ်မှုတွေစတင်ဖြစ်ပေါ်လာနေပြီလို့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၀ရက်နေ့ ည ၆း၃၀ နာရီမှ နောက် ၄၈ နာရီအတွက် ခန့်မှန်းချက်ကို ဒီကနေ့ မနက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မိုးဇလဌာနကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်း နေတယ်လို့ ဒီကနေ့ မနက် ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မြန်မာကမ်းရိုးတန်းတလျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်တို့မှာ  တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ၆ ပေမှ ၉ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ – U Tun Lwin Facebook

The post မုန်တိုင်းဖြစ်ဖို့ အလားအလာရှိနေဟု မိုးဇလပညာရှင် ဒေါက်တာဦးထွန်းလွင် ခန့်မှန်း appeared first on DVB.


Viewing all articles

Trending Articles