ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်ကျော်လွန် ရောက်ရှိနေတဲ့အတွက် မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ အထူး သတိပြု နေထိုင်ကြဖို့ မိုးဇလဌာနက အကြံပြုထားပါတယ်။
ဒီကနေ့ မနက် ၉နာရီ အချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ ၁လက်မလောက် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်တရက်အတွင်း ပေဝက်လောက် ဆက်လက်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အလားတူ ဖောင်းပြင်မြို့မှာလည်း နောင် ၂ရက်အတွင်း မြို့ရဲ့ စိုးရိမ် ရေမှတ်ကို ကျော်လွန်ရောက်ရှိနိုင်တဲ့အတွက် မြို့နယ်အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။
ဒီကနေ့မနက်အထိ ချင်းတွင်းမြစ်ရေအခြေအနေဟာ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် စင်တီမီတာ ၇၀ ကျော်လောက်မှာ ရောက်ရှိနေပါတယ်။
The post ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန် မြစ်ကမ်းအနီးနေသူများကိုသတိပေး appeared first on DVB.