Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မင်းပြားတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေကြောင့် ကျေးရွာ ၃၀ ကျော် ရေဖုံးလွှမ်း

$
0
0

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ပန်းမြောင်းကြီးချောင်း တလျှောက် ကျေးရွာ ၃၁ ရွာမှာ ရေတွေဖုံးလွှမ်းနေပြီး လယ်ယာမြေတွေ နစ်မြုပ်နေပါတယ်။

အခုလို မိုးအဆက်မပြတ်ရွာသွန်းနေတာ ၁ ပတ်ကျော်လောက်ရှိနေပြီး တောင်ကျရေတွေကြောင့် ကျေးရွာ ၃၁ ရွာမှာ ရေတွေဖုံးလွှမ်းနေပြီး လယ်ယာမြေတွေ နစ်မြုပ်နေတာလည်း ၃ ရက်လောက် ရှိနေပါတယ်။ ဒါအပြင့် ကျေးရွာအချို့တွေမှာလည်း ရေနစ်မြုပ်တွေကြောင့် စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

လတ်တလောရေတွေ ဖုံးလွှမ်းနေတဲ့ကျေးရွာတွေကတော့ တောတန်း၊ ဒုံးကြီး၊ ချင်းဆိပ်၊ တံခွန်းတိုင်း၊ ကုလားတောင်၊ ဝါးတောင်၊ မြင်းကင်းဆိပ်၊ အသေကာလ၊မင်းဖူး၊ ကပ္ပဲ၊ ချောင်းတော်၊ ပိုးရကန်ဆိပ်၊ အိုးပျဉ်တောင်၊ ငါးတာရွာ၊ ခွဆုံရွာ၊ စတဲ့ ကျေးရွာတလျောက် ၃၁ ရွာ ရေနစ်မြုပ်နေတာပါ။

အခုလို မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် တောင်ကျရေတွေဟာ ရွာတွေ လယ်ယာမြေတွေ နစ်မြုပ်နေပြီး တောင်သူတွေတွေဟာ လယ်ယာမြေ ထွန်ယက်မှုတွေကို ရပ်ဆိုင်းထားတဲ့အပြင် ဒေသခံတချို့မှာလည်း ဘုန်းကြီးတွေ၊ စာကျောင်းသင်ကျောင်းတွေမှာခိုလှုံနေကြရပါတယ်။

အခုလို မိုးတွေဆက်တိုက်ရွာမယ်ဆိုပါက တောင်ကျချောင်းရေတွေ ဆက်တိုက်ကျလာဖို့ရှိနေပြီး နေအိမ်တွေ နစ်မြုပ်ဖို့အထိ အခြေအနေရှိနေတယ်လို့ မြင်းကင်းဆိပ်အုပ်ချုပ်ရေး ဦးမောင်နုက ဒီဗွီဘီကို ပြောပါတယ်။

သတင်း – ဝဏ္ဏခွာညို

The post မင်းပြားတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေကြောင့် ကျေးရွာ ၃၀ ကျော် ရေဖုံးလွှမ်း appeared first on DVB.


Viewing all articles

Trending Articles