Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ညောင်လေးပင်တွင် ရေကြီးရေလျှံမှုကြောင့် ကျောင်းတချို့ ပိတ်ထား

$
0
0

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြိ့နယ်မှာ မိုးသည်းထန်စွာရွာသွန်မှုကြောင့် ရပ်ကွက်တချို့ ရေကြီးရေလျှံဖြစ်နေပြီး ဇူလိုင် ၁၄ ရက်က အထက်တန်းကျောင်း တကျောင်း အရေးပေါ် ပိတ်ထားလိုက်ရပါတယ်။

“မနေ့ကညက တဝုန်းဝုန်းနဲ့မိုးရွားတယ်။ အနောက်တောင် ရေက မနက်ခင်းကျမှ ထိုးကျလာတယ်။ တရိပ်ရိပ်နဲ့ အမြန်တက်လာတယ်။ ရေတက်လာတော့ K G တန်းနဲ့ စတုတ္ထတန်းကို မြို့နယ်ပညာရေးမှူး လာကြည့်ပြီး မနက်က အရေးပေါ်ပိတ်လိုက်ရတယ်။ ခုနေ့လယ်လည်း ရေထက်တက်လာလို့ ကျောင်းတကျောင်းလုံးကို ထပ်ပိတ်ထားလိုက်ရတယ်” လို့ အထက  ၂  ကျောင်းမှ ဆရာတဦးက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ သွားလာရခက်ခဲနေပြီး အိမ်အတွင်းပိုင်းထိပါ ရေဝင်ရောက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှေားရောဂါနဲ့ ဖြစ်ပွားမှာနဲ့  မြွေအန္တရာယ်ကိုလည်း စိုးရိမ်းနေကြတယ်လို့ သိရပါတယ်။

သတင်း-ဓာတ်ပုံ

နေလင်းထိုက်

The post ညောင်လေးပင်တွင် ရေကြီးရေလျှံမှုကြောင့် ကျောင်းတချို့ ပိတ်ထား appeared first on DVB.


Viewing all articles

Trending Articles