Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

သာယာဝတီတွင် ရေကာတာကျိုးပေါက်၍ နေအိမ် ၃ လုံး ရေထဲမျောပါ

$
0
0

သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အိပ်လဟာကျေးရွာအုပ်စု အိပ်လဟာကျေးရွာမှာ ရေကာတာ ကျိုးပေါက်ခဲ့လို့ နေအိမ် ၃ လုံး မျောပါသွားပြီး နေအိမ်တွေ အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။

အိပ်လဟာကျေးရွာမှာ မြစ်မခမြစ်ရေ မြင့်တက်လာပြီး ဇူလိုင် ၂၀ ရက် ည ၁ နာရီ လောက်က ရေကာတာကျိုးပေါက်လို့ အိမ် ၃ လုံးပြိုကျမျောပါသွားခဲ့ပြီး ကျန်အိမ်ထောင်စုတွေ အရေးပေါ်ပြောင်းရွှေ့နေရတယ်လို့ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးစေးလယ်ဘွယ့်က ဒီဗွီဘီကို ပြောပါတယ်။

“အခုချိန်ထိ ရေက တအားတိုးနေတော့ ကျန်တဲ့အိမ်တွေကို ပြောင်းရွှေ့ပေးထားပါတယ်။ လောလောဆယ်တော့ ကျေးရွာစာသင်ကျောင်းမှာ နေရာချပေးထားပါတယ်။ ရေစီးက တအားသန်နေတော့ ပြောင်းရွှေ့တာ အခက်အခဲဖြစ်တာပေါ့။ ဒါကြောင့် တာဘောင်ပေါ်မှာ တဲလေးတွေထိုး ယာယီနေရာချထားပေးပြီး နောက်ကျမှပြောင်းရွှေ့ပေးရမှာပါ။”

အိပ်လဟာ ကျေးရွာသားတဦးက “အိပ်လဟာကျေးရွာမှာ အိမ်ခြေ ၄၀၀ ရှိပြီး ည ၁ နာရီမှ ရေကာတာရဲ့ ထူးပေါက်ကနေ ရေဝင်ပြီး ကျိုးသွားတဲ့အတွက် မသိလိုက်ပါဘူး။ ရေတွေဝင်လာတော့မှ အရေးပေါ်ပြောင်းရွှေ့ရတာပါ။ ခုချိန်ထိ တာဘောင်ပေါ်ကို ပြောင်းရွှေ့ထားတဲ့ အိမ်ထောင်စု ၆၇ စုရှိပါတယ်။ နောက်ထပ်ပြောင်းရွှေ့ရမယ့် အိမ်ထောင်စုတွေ ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

အိပ်လဟာကျေးရွာကို သယာဝတီမြို့နယ် အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချူပ်ရေးမှူးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ လူမူရေးအဖွဲ့တွေ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

သတင်း မေသွယ်

The post သာယာဝတီတွင် ရေကာတာကျိုးပေါက်၍ နေအိမ် ၃ လုံး ရေထဲမျောပါ appeared first on DVB.


Viewing all articles

Trending Articles