Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ရွှေကျင်တွင် မြစ်ရေဝင်ရောက်မှုကြောင့် လူဦးရေ ၃၀၇ ကျော် အရေးပေါ်ပြောင်းရွှေ့

$
0
0

 

စစ်တောင်းမြစ်ရေဟာ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက ရပ်ကွက်အချို့ထဲ ရေဝင်ရောက်လာတဲ့အတွက် အိမ်ထောင်စု ၆၈ စု၊ လူဦးရေ ၃၀၇ ဦး အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ညောင်ဝိုင်း တရုတ်တန်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ညောင်ဝိုင်းတရုတ်တန်း အုပ်ချုပ်ရေးမှူးက “ရေက နည်းနည်းတက်တက်လာတယ်။ ခုလက်ရှိတော့ အိမ်ထောင်စု ၆၈ စု လူဦးရေ ၃၀၇ ဦးကို ရွှေတောင်ဦး ဘုန်းကြီးကျောင်းနဲ့ တောင်ပိုင်းကျောင်းမှာ ရေဘေးဒုက္ခရောက်သူတွေကို ခွဲပြီးထားပါတယ်။ လတ်တလောကတော့ လိုအပ်တာလေးတွေပဲ ကူညီပေးနိုင်တယ်။ အခုတော့ တိုင်ပင်နေကြပါပြီ။ ရေက မနေ့ကမှ တက်လာဆိုတော့ အခုလာတဲ့ သူတွေအနေနဲ့ လတ်တလော အဆင်ပြေနေသေးတယ်။ မနက်ဖြန်ဆို လိုအပ်တာတွေ လုပ်ပေးတော့မှာပါ”လို့ ပြောပါတယ်။

ရေးဘေးရှောင်နေကြတဲ့ ပြည်သူတွေထဲမှာ အခုရက်မှ ရောက်လာတဲ့သူတွေ ရှိနေသလို အရင် လေးငါးရက်လောက်တည်းက ရောက်နေတဲ့ ပြည်သူတွေရှိနေတဲ့အတွက် ကျန်းမာရေး လိုအပ်ချက်နဲ့ ဆန်လိုအပ်ချက်ရှိနေကြတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ – နေလင်းထိုက်

 

The post ရွှေကျင်တွင် မြစ်ရေဝင်ရောက်မှုကြောင့် လူဦးရေ ၃၀၇ ကျော် အရေးပေါ်ပြောင်းရွှေ့ appeared first on DVB.


Viewing all articles

Trending Articles