Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ညောင်တုန်းမြို့တွင် မြစ်ရေ အန္တရာယ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိ

$
0
0

 

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့မှာ  မြစ်ရေဟာ ဒီကနေ့ မနက်  ၁၁ နာရီအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေ အမှတ်အထက် ၂ ပေကျော်နဲ့ အန္တရာယ်ရေမှတ်ကို ပေတဝက်ကျော်လွန်ရောက်ရှိနေပါတယ်။

ညောင်တုန်းမြို့ရဲ့ မြစ်ရေ အန္တရာယ်ရေအမှတ်ကို ၂၄.၅ ပေ သတ်မှတ်ထားပြီး လက်ရှိရေအမှတ်ကတော့ ၂၅ ပေဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကတော့ ညောင်တုန်းမှာ အမြင့်ဆုံးရေအမှတ် ၂၆.၄ ပေ အထိရောက်ရှိခဲ့ဖူးပါတယ်။

လက်ရှိ အန္တရာယ်ရေအမှတ်ကိုကျော်လွန်ရောက်ရှိနေပေမယ့် တာကာရံထားလို့မြို့ထဲ ကိုတော့ ရေဝင်ရောက်တာ မရှိသေးပါဘူး။

ဒါပေမယ့် မြို့ရဲ့ မြေမျက်နှာပြင်အမြင့်အထက် ငါးပေကျော်လောက် ရေမျက်နှာပြင်ရောက်ရှိနေတာကတော့ စိုးရိမ်စရာ အခြေအနေရှိနေသလို မြို့အတွင်းတာ အပြင်ဘက် မြစ်နဲ့ကပ်လျက် ဒေသတွေမှာတော့ရေဝင်ရောက်မှုတွေရှိနေပါပြီ။

အန္တရာယ်ရေအမှတ်ကို ရောက်ရှိလာတာနဲ့ ရေကင်းတွေချထားပြီး စောင့်ကြည့်နေတယ်လို့ မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းကပြောပါတယ်။

 

The post ညောင်တုန်းမြို့တွင် မြစ်ရေ အန္တရာယ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိ appeared first on DVB.


Viewing all articles

Trending Articles