Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကန်ကြီးထောင့်တွင် ရေကြီးနေသဖြင့်  လူ ၁၀၀ ခန့် ကယ်ဆယ်ရေးခန်းသို့ ပြောင်းရွှေ့

$
0
0

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့က တာအပြင် အနိမ့်ပိုင်းဒေသတွေကို မြစ်ရေ စတင်ဝင်ရောက်လာလို့ မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းမှာ ဇူလိုင် ၂၄ ရက်ကစတင်ပြီး အိမ်ထောင်စု ၂၇ စုက လူဦးရေ ၉၇ ဦးကို ပြောင်းရွှေ့ထားပြီး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်စောင့်ရှောက်ထားပါတယ်။

လက်ရှိအခြေအနေကတော့ မိုးရာသီ ပုံမှန်ရေဝင်ရောက်တဲ့ အခြေအနေ ဖြစ်ပေမယ့် အရင်နှစ်ကထက်စောပြီး ရေဝင်ရောက်မှု ရှိနေတာပါ။

ရေမြင့်တက်လာတာကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်ကစတင်ပြီး တရက်ကို ၁ ပေကျော်လောက် ရေမြင့်တက်လာတာလို့ ကန်ကြီးထောင့်မြို့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှခိုင်က ပြောပါတယ်။

ရေအမှတ်ကတော့ ၁၄ ပေဖြစ်ပြီး စိုးရိမ်ရေအမှတ်ကို ရောက်ရှိခြင်း မရှိသေးပေမယ့် ဒေသခံတွေကတော့ တာကို သဲအိတ်တွေဖြည့်ပြီး ကာကွယ်မှုတွေ ပြုလုပ်နေပါတယ်။

The post ကန်ကြီးထောင့်တွင် ရေကြီးနေသဖြင့်  လူ ၁၀၀ ခန့် ကယ်ဆယ်ရေးခန်းသို့ ပြောင်းရွှေ့ appeared first on DVB.


Viewing all articles

Trending Articles