Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တိုက်ကြီးမြို့နယ်၌ လှိုင်မြစ်ရေ မြင့်တက်လာသဖြင့် အစိုးရစာသင်ကျောင်းများ ပိတ်ထားရ

$
0
0

တိုက်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ လှိုင်မြစ်ရေ မြင့်တက်လာတဲ့အတွက် မြစ်ကမ်းပါးနေ ကျေးရွာတွေမှာ ရေတွေဝင်ရောက်ပြီး အနိမ့်ပိုင်းက လူနေအိမ်တွေ ပြောင်းရွှေ့နေရပြီး အစိုးရ စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ဂေါ့ကျေးရွာအုပ်ချူပ်ရေးမှူး ဦးသိန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဂေါ့ကျေးရွာအုပ်စုထဲမှာရှိတဲ့ ညောင်ကုန်း၊ တကူဆိတ်၊ ရေနက်ကွေ့ကျေးရွာ ဂေါ့ကျေးရွာနဲ့ သနပ်ကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၇ ရွာကို ရေဝင်တာ ၅ ရက်ခန့်ရှိပြီး အနိမ့်ပိုင်းက အိမ်တွေကတော့ ရေမြုပ်သွားလို့ ကုန်းပိုင်းက ညီအစ်ကိုမောင်နှမတွေ အိမ်နဲ့ နီးစပ်ရာအိမ်တွေကို ပြောင်းရွှေ့ထားပါတယ်။ အခုချိန်ထိ ရေက ဆက်လက်တိုးနေပါတယ်။ စာသင်ကျောင်းတွေကတော့ ၂၄ ရက်ကစပြီး ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေ သွားလာရေး အခက်အခဲဖြစ်လို့ ခေတ္တပိတ်ထားရပါတယ်။

ကယ်ဆယ်ရေးအတွက်ကတော့ အဖွဲ့တွေ ဖွဲ့ထားပြီး အုပ်ချူပ်ရေးအဖွဲ့တွေအနေနဲ့ကတော့ အချိန်မီ ကယ်ဆယ်ရေးလုပ်နိုင်အောင် နေ့ ညမပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ် ပညာရေးဦးစီးဌာနအနေနဲ့ မြစ်ရေ ဝင်ရောက်တဲ့ ကျေးရွာတွေက အစိုးရ စာသင်ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသား ၇၆၀ တို့ သွားလာရေး အခက်အခဲတွေကြောင့် စာသင်ကျောင်း ၉ ကျောင်းကို ပိတ်ထားတယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

ဥက္ကံမြို့ မြို့အုပ်ချူပ်ရေးမှူး ဦးမျိုးလွင်ဦးကတော့ ၂၀၁၆ ခုနှစ်က ရေဘေးကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ရာမှာ အိမ်ထောင်စု ၁၉၀၀ အတွက် ကယ်ဆယ်ရေးစခန်တွေ ဖွင့်ပြီး ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ လှိုင်မြစ်ရေ စတင်ဝင်ရောက်နေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြုလုပ်ဖို့ အဖွဲ့အစည်းတွေ ဖွဲ့ထားပြီးကြောင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ ပြုလုပ်နိုင်ရေးအတွက် ဥက္ကံမြို့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချူပ်ရေးအဖွဲ့တွေက ရေဝင်ရောက်တဲ့ ကျေးရွာတွေကို သွားရောက်စောင့်ကြည့်နေကြတယ်လို့ ကယ်ဆယ်ရေးစခန်းဖွင့်ရန် ဘုန်းကြီးကျောင်း ၆ ကျောင်းကို ကြိုတင်ပြောထားတယ်လို့ ပြောပါတယ်။

သတင်း – မေသွယ်

The post တိုက်ကြီးမြို့နယ်၌ လှိုင်မြစ်ရေ မြင့်တက်လာသဖြင့် အစိုးရစာသင်ကျောင်းများ ပိတ်ထားရ appeared first on DVB.


Viewing all articles

Trending Articles