Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပခုက္ကူတွင် ရေကြီးရေလျှံမဖြစ်ရန် ရေကာတာဆောက်လုပ်စေလို

$
0
0

 

ပခုက္ကူခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုတွေ နှစ်စဉ်မဖြစ်ဖို့အတွက် ရေကာတာဆောက်လုပ်ဖို့ လိုအပ်တယ်လို့ ဒေသခံ အရပ်ဖက် အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

ပခုက္ကူခရိုင်ထဲက နေရာအချို့မှာ ရေကြီးရေလျှံမှုတွေနှစ်စဉ်ဖြစ်ပေါ်နေပြီး ဒေသခံ ပြည်သူပေါင်း ၅ သောင်းကျော်ဟာ နှစ်တိုင်းရေဘေးရှောင်စခန်းတွေမှာ နေထိုင်နေရပါတယ်။

ဒီလိုနှစ်စဉ်မကြုံတွေ့ရဖို့အတွက် ရေကာတာတွေဆောက်လုပ်ကာကွယ်ဖို့လိုအပ်တယ်လို့ ဒေသခံအရပ်ဖက် အဖွဲ့အစည်း ဒါရိုက်တာ  ဦးရဲထွဋ်ကပြောပါတယ်။

ကျန်ခဲ့တဲ့နှစ်တွေမှာ ရေပြန်ကျသွားချိန်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ မြစ်ရေနဲ့အတူပါလာတဲ့ နုန်းတွေနဲ့ အမှိုက်တွေကျန်ခဲ့တာကို အရင်ရှင်းလင်းရေး လုပ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အစိုးရအနေနဲ့လည်း စိုက်ပျိုးချိန်အမှီကူညီထောက်ပံ့ပေးဖို့လည်း မျှော်လင့်နေတယ်လို့ ရေဘေးရှောင်ပြည်သူတစ်ဦးကဆိုပါတယ်။

ဧရာဝတီမြစ်ကြမ်းပြင်မြင့်တက်လာတာတွေနဲ့ ကမ်းပါးပြိုတာတွေကို အစိုးရအနေနဲ့ လုပ်ဆောင်နေသလို ပြည်သူတစ်ဦးချင်း အနေနဲ့လည်း ပါဝင်ဖို့လိုတယ်လို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်နေထိုင်သူတွေအနေနဲ့ မြစ်ထဲကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ မလုပ်ဖို့ တစ်ဦးချင်းစီ စည်းကမ်းစောင့်ထိမ်းကြဖို့လည်း  အရပ်ဖက် အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

The post ပခုက္ကူတွင် ရေကြီးရေလျှံမဖြစ်ရန် ရေကာတာဆောက်လုပ်စေလို appeared first on DVB.


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မနောမယအိမ်ခြံမြေရောင်းနည်း


ပရုပ်လုံးနံ့လေး မွှေးနေတဲ့ အဝတ်အထည် တွေရဲ့ ကြောက်စရာ အန္တရာယ်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


စနေမင်း နှင့် တနင်္ဂနွေမင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ