ဆွီဒင်နိုင်ငံ စတော့ဟုန်း သဘာဝပတ်ဝန်းကျင်အင်စတီကျု၊ မြန်မာသဘာဝပတ်ဝန်းကျင် အင်စတီကျနဲ့ မဲခေါင်ဒေသက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းသမားတွေပါဝင်တဲ့အဖွဲ့ဟာ ကွမ်းခြံကုန်းမြို့နယ်ရှိ လက်ခုပ်ကုန်းကမ်းခြေကို သွားရောက်ပြီး ဒီရေတောပေါက်ရောက်မှု၊ ကမ်းခြေရေတိုက်စားပြီး သောက်သုံးရေရှားပါးမှုနဲ့ ဆားငန်ရေဝင်ရောက်မှု အခြေအနေတွေကို ကွင်းဆင်းလေ့လာနေကြပါတယ်။
မဲခေါင်၊ ဧရာဝတီ၊ ချင်းတွင်းမြစ်ဝှမ်းတွေမှာ ရာသီဥတု ပြောင်းလဲခြင်းနဲ့ ရေမလုံလောက်မှု သတင်းအချက်အလက်တွေ ဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ၂၅ရက်က စတင်ပြီး
စက်တင်ဘာ၂၇ ရက်နေ့အထိ ရန်ကုန်မြို့Melia Hotel မှာကျင်းပနေတာပါ။
ဒီအလုပ်ရုံဆွေးနွေးပွဲ ဒုတိယရက်မှာ တက်ရောက်ကြတဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီယား စတဲ့ မဲခေါင်ဒေသက သတင်းစာဆရာတွေဟာ လက်ခုပ်ကုန်းကမ်းခြေရဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်တဲ့ အခြေအနေတွေကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။
The post သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ လက်ခုပ်ကုန်းကမ်းခြေကို သွားရောက်လေ့လာ appeared first on DVB.