Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်

$
0
0

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ရခိုင်ကမ်းလွန် ရေပြင်ပေါ်မှာ လေဖိအားနည်းရပ်ဝန်းတခု စတင်ဖြစ်ပေါ်နေတယ်လို့ မိုးဇလပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ဒီမနက် ခန့်မှန်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ရေပြင်ပေါ်မှာ လေဖိအားနည်းရပ်ဝန်းနဲ့အတူ ကြီးမားတဲ့ တိမ်တိုက်ကြီးတခု စတင်ဖြစ်ပေါ်နေတယ်၊  မုန်တိုင်းဖြစ်ပေါ်နိုင်မှု အလားအလာတွေ ဖြစ်ပေါ်လာနေပြီး လေစိုင်ဝဲတခုလည်း  စတင်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မုန်တိုင်းဖြစ်ဖို့ စောင့်ကြည့်အဆင့်သာ  လောလောဆယ် သတ်မှတ်ထားတယ်လို့ ဒေါက်တာထွန်းလွင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကတော့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ မုတ်သုံလေ အားကောင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ၁ နာရီလျှင် ၃၅ မိုင်အထိ လေတိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက် ၇ ပေမှ ၁၀ ပေခန့်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် ၄ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး နေရာအတော်များများမှာ မိုးရွာနိုင်ပြီး မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်နဲ့ မွန်ပြည်နယ်မှာ နေရာကွက် မိုးကြီးနိုင်တယ်ပါတယ်။ ရွာရန် ရာခိုင်နှုန်း ၈၀ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ဦးထွန်းလွင်

The post ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ် appeared first on DVB.


Viewing all articles

Trending Articles