Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိ

$
0
0

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ ပူရီမြို့ရဲ့ တောင်အရှေ့တောင်ဘက် မိုင် ၂၀၀ ခန့်၊ ချန်ဘာလီမြို့ရဲ့ တောင်ဘက် မိုင် ၂၅၀ ခန့်အကွာကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး အိန္ဒိယနိုင်ငံ သြရဿကမ်းခြေကို ပူရီမြို့နဲ့ ချန်ဘာလီမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ ဒီနေ့ညနေထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုံးရွာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတို့နဲ့ ကရင်၊ မွန် ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအတင့်သင့်မှ လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်း ၁ နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

The post လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိ appeared first on DVB.


Viewing all articles

Trending Articles