Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကရင်ပြည်နယ်က ကျောက်​မီး​သွေးဓာတ်​အား​ပေးစက်​ရုံစီမံကိန်း​ကို ​ဒေသခံတချို့ကန့်​ကွက်

$
0
0

 

ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီး၊ ထုံးတောင်၊ သုံးအိမ်ကျေးရွာအနီးမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ဒေသခံ ဆရာတော်တွေနဲ့ ရွာသူရွာသား၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတချို့က ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တူညီတဲ့ ရည်ရွယ်ချက် ခံယူချက် ရှိတယ်ဆိုရင် အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုရှိရမယ်လို့ မနေ့က ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“တခါတလေ အတွေးအခေါ် မတူတာတို့ အယူအဆ မတူတာတို့ ရှိမှာပေါ့။ ဒါပေမယ့် ဦးတည်ချက်တခုတော့ ရှိရမယ်။ ပြည်နယ်ကြီး တိုးတက်ဖို့ဆိုတဲ့ဟာကတော့ အားလုံးမှာ တူညီတဲ့ ရည်ရွယ်ချက် ခံယူချက် ရှိရမယ်။ တူညီတဲ့ ရည်ရွယ်ချက် ခံယူချက်ရှိတယ်ဆိုရင် ဒီဒေသမှာ ဒီဟာ လုပ်မယ်ဆိုလို့ရှိရင် လိုအပ်တဲ့ အားနည်းချက်ရှိရင် ထောက်ပြပြီးတော့ ကူညီပံ့ပိုးတာပဲ ဖြစ်ရမယ်။ ဒီလိုပေါ့ အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုပဲ ဖြစ်ရမယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ် မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ စောသာဘိုးက “ဒီမှာကတော့ ဖြစ်ပြီးသွားပြီပေါ့။ ကျနော်တို့ဆီမှာက ကောင်းတာက မဖြစ်သေးဘူးပေါ့။ မဖြစ်သေးတဲ့ အခါကျတော့ ကျနော်တို့က ဒီဆိုးကျိုးတွေကို မမြင်ရသေးဘူး။ ဒါပေမယ့် ဖြစ်လာနိုင်တဲ့ ဒီဆိုးကျိုးကို ကျနော်တို့ မှန်းပြီး ပြောနိုင်တာက ဒီစီမံကိန်းက ဝတ်ကြီးဒေသမှာရှိတဲ့ ပြည်သူလူထု တခုတည်းနဲ့ဆိုင်တာ မဟုတ်ဘူး”လို့ ပြောပါတယ်။

မြန်မာ့သယံဇာတ ပွင့်လင်းမြင်သာမှုနှင့် မဟာမိတ်အဖွဲ့ ပြည်နယ် ယာယီတာဝန်ခံ နန်းတင်တင်လှိုင်က “ကျောက်မီးသွေးဆိုတာ နဂိုက အန္တရာယ်ဆိုတာ အရမ်းများတယ်လေ။ သူများနိုင်ငံ၊ နိုင်ငံကြီးတွေမှာဆို ကျောက်မီးသွေးအငွေ့နဲ့ ပတ်သက်ပြီး လျှော့ချတဲ့ စီမံကိန်းအနေနဲ့ တကယ့်ကို ဆုတောင်ပေးနေပြီ။ ဒီဟာကို လျှော့ချနိုင်ရင် တနိုင်ငံဆိုရင် ဘယ်လောက် အဲဒီလို လုပ်တဲ့အချိန်မှာမှ ကျမတို့က လုပ်မယ်ဆိုတော့ ကျမတို့ကနေပြီးတော့ နိုင်ငံခေါင်းဆောင်တွေကို ပြောချင်တယ်။ သေသေချာချာလည်း စဉ်းစားပေးပါ။ ကျမတို့ကို ကူညီရာမရောက်ဘဲ ကျမတို့ ပြည်သူတွေကို ဒုက္ခပေးအောင်မလုပ်ပါနဲ့”လို့ ပြောပါတယ်။

အရပ်ဘက် လူမှုအဖွဲ့အစည်းက ဦးဆောင်မှုနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် အနီးပတ်ဝန်းကျင် ကျေးရွာက ဒေသခံ ဆရာတော်တွေနဲ့ ရွာသူရွာသား စုစုပေါင်း ၂၅ ဦးဟာ အောက်တိုဘာ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကွမ်းချောင်းကြီးကျေးရွာရှိ ကျောက်မီးသွေးတွင်းမှ East Star နဲ့ Thai Asset ကုမ္ပဏီတို့က ကျောက်မီးသွေး တူးဖော်ခဲ့တဲ့အတွက် ဒေသခံတွေရဲ့ လူမှုဘဝအခြေအနေတွေကို လေ့လာခဲ့ပါတယ်။

ဒါ့အပြင်ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လယ်ယာမြေ သိမ်းဆည်းခံရမှု အခြေအနေ၊ မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင်ကျေးရွာမှာ တည်ဆောက်သွားမယ့် မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအပေါ် ဒေသခံရွာသူ ရွာသားတွေရဲ့ သဘောထား၊ ကျိုက်မရောမြို့နယ်၊ အတ္တရံမြစ်အတွင်းမှာ NCL/SCL ဘိလပ်မြေနဲ့ ကျောက်မီးသွေးတင် သဘောင်္ကြီးတွေကြောင့် ဒေသခံ ရေလုပ်သားတွေရဲ့ လူမှုဘဝ အခြေအနေကိုလည်း သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါတယ်။

အောက်တိုဘာ ၁၄ ရက်က ဘားအံမြို့နယ်၊ ဝတ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရခြင်းနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဟာ ဒေသခံ ဆရာတော်များ၊ ရွာသူ ရွာသား ၁၅၀၀ ဦးခန့်နဲ့ တွေ့ဆုံစဉ်ကလည်း ကိုယ့်ပြည်နယ်ကြီး အကျိုးယုတ်သွားမယ့် ကိစ္စမျိုး စွမ်းဆောင်မယ်လို့ ထင်ခဲ့ရင် စိတ်မကောင်းကြောင်း၊ သားစဉ်မြေးဆက် နောင်လူတွေ ကောင်းဖို့၊ စံစားဖို့နဲ့ နောင်ဖြစ်လာမယ့် ဝန်ကြီးချုပ်တွေ သက်သောင့်သက်သာ လုပ်နိုင်ဖို့ အပြောခံ အဆိုခံပြီးတော့ ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကရင်ပြည်နယ်ရဲ့ လျှပ်စစ်လိုအပ်ချက်အရ နောက်ဆုံးပေါ် USC(Ultra Super Critical) ဂျပန် နည်းပညာနဲ့ မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၁၈ ခုနှစ်မှာ တိုယိုထိုင်း ကုမ္ပဏီ (TTCL)က အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ဂျပန်နည်းပညာရှင်တွေက ဘားအံမြို့နယ်၊ ဝတ်ကြီး၊ ထုံးတောင်၊ သုံးအိမ်ကျေးရွာအနီးမှာ တာဝန်ယူ တည်ဆောက်သွားမှာပါ။

ရရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို ပြည်နယ်ရဲ့ လိုအပ်ချက် ဖြည့်ဆည်းသွားမယ့်အပြင် ပိုလျှံတဲ့ လျှပ်စစ်ဓာတ်အားတွေကို လိုအပ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။

သတင်း – ရဲမင်းခေါင်

The post ကရင်ပြည်နယ်က ကျောက်​မီး​သွေးဓာတ်​အား​ပေးစက်​ရုံစီမံကိန်း​ကို ​ဒေသခံတချို့ကန့်​ကွက်​ appeared first on DVB.


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဘုရင့်နောင်မှ အုန်းပေါင်၊မိုးကောင်း၊မိုးနဲ ပြည်များကို သိမ်းပြီးနောက်...


TTA Oreo Gapp Installer


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


အလုပ်ဟောင်း နေရာဟောင်း ပြန်ရချင်သူများအတွက် ယတြာ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”