Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းငယ် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိနိုင်ဟု ဒေါက်တာထွန်းလွင် ပြော

$
0
0

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံကို သက်ရောက်မှု မရှိနိုင်ဘူးလို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

“လောလောဆယ်တော့ ဒီမုန်တိုင်းက မြန်မာနိုင်ငံအပေါ်ကို သက်ရောက်မှု မရှိဘူးလို့ပဲ တွက်ထားတယ်။ မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကိုပဲ သွားမှာဆိုတော့ အနောက်ဘက်တခြမ်းပဲ မိုးရွာမှာပါ။ ကျနော်တို့ဘက်ကိုတော့ နည်းမယ်လို့တော့ ထင်ပါတယ်။ သိပ်ပြီး အားကြီး လာရင်တော့လည်း မပြောတတ်ဘူးပေါ့။ အခု လောလောဆယ်ကတော့ သိပ်မရှိဘူးလို့ပဲ တွက်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးတော့ လာမယ့် ဆောင်းရာသီကာလမှာ မိုးရွာသွန်းမှုဟာ ရွာသွန်းမြဲအောက်လျော့နည်းပြီး အပူချိန်လည်း ပုံမှန်ထက် နည်းနည်းပိုနိုင်ပါတယ်။ တနည်းဆိုရရင်တော့ ဆောင်းရာသီဟာ ခြောက်သွေ့ပြီး အအေးပေါ့မယ့် ရာသီဖြစ်လာနိုင်တယ်လို့ သူ့ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“လာနီညာရဲ့အကျိုးသက်ရောက်မှုကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ အနီးပတ်ဝန်းကျင် အထိပဲ အများဆုံး ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီကနေမှ အစပြုပြီး အနောက်ဘက် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်အထိ မရှိနိုင်ဘူးလို့ တွက်ချက်ရရှိထားတယ်”လို့ ဒေါက်တာထွန်လွင်က ဆက်ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အမျိုးသားအာကာသနဲ့ အဏ္ဏ၀ါအုပ်ချုပ်ရေး (NOAA) အဖွဲ့ကြီးက ၂၀၁၇ ခုနှစ် ဆောင်းဦးရာသီကာလမှာ လာနီညာဖြစ်စဉ် တရားဝင်စတင်ဖြစ်ပေါ်နေပြီလို့ နိုဝင်ဘာ ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

သတင်း-ယူမင်းစိုး

The post မုန်တိုင်းငယ် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိနိုင်ဟု ဒေါက်တာထွန်းလွင် ပြော appeared first on DVB.


Viewing all articles

Trending Articles