Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကပ္ပလီပင်လယ်ပြင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပြည်နယ်တိုင်း ၁၃ ခုတွင် မိုးရွာနိုင်

$
0
0

 

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်၊ မန္တလေးအပါအ၀င် ပြည်နယ်တိုင်း ၁၃ ခုမှာ မိုးရွာနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့ အပြား၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။

ရွာရန်ရာနှုန်း ၈၀ ဖြစ်ပြီး  မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၄ ပေကနေ ၆ ပေခန့်အထိ ရှိနိုင်ပါတယ်။

ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ နောက် ၂ ရက်အထိ မိုးရွာနိုင်သေးတယ်လို့လည်း မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

The post ကပ္ပလီပင်လယ်ပြင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပြည်နယ်တိုင်း ၁၃ ခုတွင် မိုးရွာနိုင် appeared first on DVB.


Viewing all articles

Trending Articles