Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

၂၀၁၇ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆု တရုတ် ဆိုင်ဟန်းဘားအဖွဲ့ရရှိ

$
0
0

တရုတ်နိုင်ငံရဲ့ ဆိုင်ဟန်းဘား သစ်တော ပျိုးထောင်ရေး အဖွဲ့အစည်းဟာ ကုလသမဂ္ဂရဲ့ ၂၀၁၇ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆုကို ရရှိသွားပါတယ်။

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ညီလာခံမှာ ဆုချီးမြှင့်မယ့်သတင်းကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

၂၀၁၇ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆုကို ဆိုင်ဟန်းဘား သစ်တောပျိုးထောင်ရေးအဖွဲ့ ကိုယ်စားလှယ် မစ္စချန်ယန်ရှီယန်က  တက်ရောက်ယူခဲ့ပါတယ်။

“ရာစုနှစ်ထက်ဝက် မျိုးဆက် ၃ ဆက်မှာ ကျမတို့ ဆိုင်ဟန်းဘား မစ်ရှင်က တခုတည်းကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကျမတို့ စိတ်ရောကိုယ်ပါ နှစ်ပြီး သစ်ပင်တွေ စိုက်တာပါပဲ။ ပြောင်တလင်းခါနေတဲ့ တောင်တန်းတွေကို စိမ်းစိုနေတဲ့ တောင်တွေအဖြစ် ပြောင်းလဲပေးတာပါ။ သမ္မတကြီး ရှီကျင့်ဖျင်က ကြည်လင်တဲ့ ရေပြင်နဲ့ စိမ်းစိုတဲ့ တောတောင်တွေဟာ ရွှေလိုပဲ အဖိုးတန်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါဟာ  လူနဲ့ သဘာဝတရားကြီးရဲ့ ဆက်နွှယ်ပုံကို သမ္မတကြီးက ရှင်းရှင်းလင်းလင်းပြောလိုက်တာပါ။ အခု ကျမတို့ရဲ့  ဆိုင်ဟန်းဘား သစ်တော ပျိုးထောင်ရေး အဖွဲ့အစည်းဟာ အဲဒီအမှန်တရားကို သက်သေပြတာပါ။ ဆိုင်ဟန်းဘားလို စိမ်းလန်းစိုပြေရေး မစ်ရှင်တွေဟာ တရုတ်နိုင်ငံကို ပိုမိုစိမ်းလန်းတဲ့ နိုင်ငံအဖြစ် ပြောင်းလဲပေးနေတာပါ။” လို့ မစ္စချန်ယန်ရှီယန်က ပြောပါတယ်။

ဆိုင်ဟန်းဘား ဆိုတာဟာ သစ်အလွန်အကျွံ ထုတ်လုပ်မှုကြောင့်  ၁၉၅၀ ဝန်းကျင်ခန့်က မြေရိုင်းတွေ ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ်က မြေဟက်တာ ၉၃,၀၀၀ ရှိတဲ့ ဒေသ ဖြစ်ပါတယ်။ အဲဒီအတွက် လေပြင်းတွေ တိုက်တဲ့အခါ ဖုန်မှုန့်တွေဟာ မြို့တော်ပေဂျင်းနဲ့ အနီးဝန်းကျင်ဒေသတွေကို ရောက်ရှိခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ သစ်တောအမှုထမ်းရာချီပြီး အဲဒီဆိုင်ဟန်းဘားဒေသမှာ သစ်ပင်တွေကို စိုက်ပျိုးခဲ့ပါတယ်။ မျိုးဆက် ၃ ဆက်တိုင် သစ်ပင်တွေ စိုက်ပျိုးပြီးမှာတော့ သစ်တောဧရိယာဟာ ၁၁.၄ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။

တချိန်တည်းမှာပဲ သစ်တောထိန်းသိမ်းမှုကနေ စီးပွားရေး ဖွံ့ဖြိုးမှုပါ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ စိုက်ပျိုးရေးကဏ္ဍကနေ ခန့်မှန်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၁ သန်းကိုလည်း ရရှိခဲ့ပါတယ်။

The post ၂၀၁၇ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆု တရုတ် ဆိုင်ဟန်းဘားအဖွဲ့ရရှိ appeared first on DVB.


Viewing all articles

Trending Articles