ဒေးဒရဲမြို့ရဲ့ အရှေ့ဘက် (၁၂) မိုင်လောက်ကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် (၁၅) နာရီ၊ (၁၂) မိနစ်၊ (၀၅)စက္ကန့် အချိန် တိုင်းထွာချက်အရ ဒေးဒရဲမြို့ရဲ့ အရှေ့ဘက် (၁၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၆ ဒသမ ၄၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၆ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၄ ဒသမ ၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
The post ဒေးဒရဲမြို့ အရှေ့ဘက်တွင် အင်အား ၄ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ် appeared first on DVB.