ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီးမှာ ဖေဖော်ဝါရီ ၅ ရက် မြန်မာစံတော်ချိန် ၂၃ နာရီ ၂၅ မိနစ် ၃၅ စက္ကန့်အချိန်က အင်အားရစ်ခ်ျတာစကေး ၅.၂ အဆင့်ရှိ အင်းအားအသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် ၉၈ မိုင်လောက် ကွာဝေးတဲ့ မြန်မာပြည်တွင်း ဖြူးမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀ အကွာ မြောက်လတ္တီတွဒ် (၁၈.၂၉)၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၁)၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။
ဓာတ်ပုံ – မိုးဇလ
The post ဖြူးမြို့အနီး ပြင်းအား ရစ်ခ်ျတာစကေး ၅.၂ အဆင့်ရှိ မြေငလျင်လှုပ် appeared first on DVB.