Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ငလျင်​နှင့် ​ဘေးအန္တရာယ်​ကာကွယ်​​ရေး ​ဟော​ပြောသရုပ်​ပြပွဲ မြင်းခြံ​ကောလိပ်​တွင် ကျင်းပ

$
0
0

မြေငလျင်​နဲ့ ​ဘေးအန္တရာယ်​ဆိုင်​ရာ သိ​ကောင်းစရာများ ​ဟော​ပြောပွဲနဲ့ သရုပ်​ပြပွဲကို မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့ မြင်းခြံဒီဂရီ​ကောလိပ်​​မှာ ​ဖေ​ဖော်​ဝါရီ ၂၀ ရက်​က ပြုလုပ်​ခဲ့ပါတယ်​။

တိုင်း​ဒေသကြီး ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနဲ့ ပညာ​ရေးဌာနတို့ ပူး​ပေါင်းပြီးလုပ်ဆောင်တာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့  ပတ်​ဝန်းကျင်​မှာ အန္တရာယ်​​တွေ ကျ​ရောက်​လာရင်​ ဘယ်​လို ကာကွယ်​​ပေးရမလဲဆိုတဲ့ အသိညဏ်​​တွေ ရ​စေချင်​လို့ လုပ်ဆောင်တာလို့ မြင်းခြံ ဒီဂရီ​ကောလိပ်​​ကျောင်းအုပ်​ဆရာကြီး ​ဒေါက်​တာမောင်​​မောင်​က ပြောပါတယ်။

“အဓိက ရည်​ရွယ်​ချက်​က​တော့ ​ကျောင်းသား ကျောင်းသူ​တွေကို သူတို့ရဲ့ ကာယ ဉာဏ စာရိတ္တ ဘက်​စုံဖွံ့ဖြိုးတိုးတက်​ရမယ်​။ သူတို့​တွေက ​ဒေသဖွံ့ဖြိုး​ရေး ​ဆောင်​ရွက်​တဲ့အခါမှာ ​ကျောင်းသား ကျောင်းသူ​တွေအ​နေနဲ့ ဒီအ​ကြောင်း​တွေကို သိထားဖို့ လိုပါတယ်​။ ​ကျောင်းမှာ သင်​တဲ့ စာအပြင်​ လက်​​တွေ့အသုံးချတဲ့ မိမိတို့ ဘာသာရပ်​​တွေက ဘယ်​မှာ အသုံးချလို့ ရတယ်​ဆိုတာ သိသွား​စေချင်​တာပါ။ ပြီး​တော့ ပညာ​ရေးဌာနမှာ တာဝန်​ယူထားတဲ့ ပုဂ္ဂိုလ်​​တွေဟာ နိုင်​ငံတကာ အဖွဲ့အစည်း​တွေ၊ အစိုးရအဖွဲ့အစည်း​တွေ၊ ပြင်​ပအဖွဲ့အစည်း​တွေနဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ဖို့ ညွန်​ကြားချက်​လည်း ပါတဲ့အတွက်​ ခုလို ပူး​ပေါင်းပြီး မိမိပတ်​ဝန်းကျင်​မှာ အန္တရာယ်​​တွေ ကျ​ရောက်​လာရင်​ ဘယ်​လို ကာကွယ်​​ပေးရမလဲ ဆိုတဲ့ အသိညဏ်​​တွေ ရ​စေချင်​လို့ ​”

မန္တလေးတိုင်း​ဒေသကြီးရှိ ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနအနေနဲ့ ခုလို ​ဟော​ပြောပွဲနဲ့ လက်​​တွေ့သရုပ်​ပြပွဲကို ပထမအကြိမ်​အဖြစ်​ စဥ့်ကူးမြို့နယ်​မှာ ပြုလုပ်​ခဲ့ပြီး ယခု မြင်းခြံ ဒီဂရီ​ကောလိပ်​​မှာ ဒုတိယအကြိမ်​ ပြုလုပ်​တာလည်း ဖြစ်​ပါတယ်​။

ဘေးအန္တရာယ်​ စီမံခန့်​ခွဲမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦး​အေးမင်းသူက “မန္တလေးတိုင်းဆိုတာ ငလျင်​နဲ့ပတ်​သက်​ပြီး အန္တရာယ်ရှိပါတယ်​။ အန္တရာယ်ရှိတဲ့အတွက်​ အထပ်​မြင့်ဖြစ်​​စေ၊ အထပ်​နိမ့်ဖြစ်​​စေ နှစ်​ခုလုံးမှာ တကယ်​ရင်​ဆိုင်​လာရရင်​ အန္တရာယ်​ကင်းစွာ ဘယ်​လို​နေထိုင်​ရမလဲဆိုတာ သိ​အောင်​လို့ ကျ​နော်​တို့က အသိပညာ​ပေး လုပ်​ငန်း​တွေ လိုက်​ပြီး ​ဆောင်​ရွက်​​ပေး​နေတာပါ”လို့ပြောပါတယ်​။

ယ​နေ့ ပြုလုပ်​တဲ့ ငလျင်​နဲ့ ​ဘေးအန္တရာယ်​ဆိုင်​ရာ ​ဟော​ပြောပွဲနဲ့ လက်​​တွေ့သရုပ်​ပြပွဲမှာ မြန်​မာနိုင်​ငံ လူမှုကယ်​ဆယ်​​ရေးအဖွဲ့ (မန္တလေး)၊ မြင်းခြံခရိုင်​ မီးသတ်​ဦးစီးဌာန၊ ကြက်​​ခြေနီအဖွဲ့၊ ပရဟိတလူမှုကယ်​ဆယ်​​ရေး အဖွဲ့အစည်းတွေ၊၊ ဌာနဆိုင်​ရာမှ တာဝန်​ရှိသူတွေ၊ ​ဆရာ ဆရာမများနဲ့ ​ကျောင်းသား ကျောင်းသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

အဖြူ​ရောင်​လက်​များ ပရဟိတအသင်းမှ ဥက္ကဋ္ဌ ဦး​အေးချမ်းနိုင်​က “အများပြည်​သူ​တွေကို မြန်​မာနိုင်​ငံမှာ သဘာဝ​ဘေးအန္တရာယ်​​တွေ ငလျင်​ဒဏ်​​တွေ ကြုံ​တွေ့လာရင်​ ဘယ်​လို​ ရှောင်​ရမယ်​၊ ဘယ်​လို​နေထိုင်​ရမယ်​၊ ဘယ်​လို ကယ်​ဆယ်​ရမယ်​ ဆိုတာ​တွေကို သိရှိေ​စေဖို့နဲ့ လက်​​တွေ့သရုပ်​ပြသွားမှာပါ။ မြန်​မာနိုင်​ငံမှာ အခုဆိုရင် ​ငလျင်​လှုပ်​ခတ်​မှု​တွေ ​နေရာအ​တော်​များများမှာ မကြာခဏဆိုသလို ဖြစ်​​နေတာမို့ ပြည်​သူ​အများ သိ​စေချင်​တာေ​ကြာင့် ပူး​ပေါင်းပါဝင်​ရတာပါ”လို့ ​ပြောပါတယ်​။

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပြီးခဲ့တဲ့လကတည်းကစပြီး အင်အားအနည်းငယ်နဲ့ အင်အားအသင့်အတင့်ရှိ မြေငလျင်တွေ ဆက်တိုက်ဆိုသလို လှုပ်ခတ်နေတာဖြစ်ပါတယ်။

သတင်း – ရီရီထွန်း (မြင်းခြံ)

The post ငလျင်​နှင့် ​ဘေးအန္တရာယ်​ကာကွယ်​​ရေး ​ဟော​ပြောသရုပ်​ပြပွဲ မြင်းခြံ​ကောလိပ်​တွင် ကျင်းပ appeared first on DVB.


Viewing all articles

Trending Articles