ဂျပန်နိုင်ငံက ပင်ဂွင်း ၆ ကောင် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို မြန်မာ-ဂျပန် နှစ်နိုင်ငံ ပိုမိုရင်းနှီးမှုအနေနဲ့ ဂျပန်နိုင်ငံမှ ပေးပို့တဲ့ ဟမ်းဘို့ (Humblodt pengucn) အမျိုးအစား ပင်ဂွင်း ၆ ကောင် တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) ကို ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာတယ်လို့ သိရပါတယ်။
ပင်ဂွင်း အထီး လေးကောင်နှင့် အမနှစ်ကောင်ဖြစ်ပြီး အဆိုပါ ဟမ်းဘို့ပင်ဂွင်းငှက်တွေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ တိရစ္ဆာန်ဥယျာဉ်များဌာနနဲ့ ဂျပန်နိုင်ငံ KATSURAHAMA Aquariumတို့ နှစ်နိုင်ငံ တိရစ္ဆာန် လဲလှယ်ရေး အစီအစဉ်အရ Htoo zoos & Garden Business unit တို့နဲ့ ပူးပေါင်းဆောင်ရွက်တာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။
ဟမ်းဘို့ ပင်ဂွင်းငှက်တွေဟာ တောင်အာဖရိကတိုက် အရှေ့တောင်ဘက်၊ ပစိဖိတ်ကမ်းရိုးတန်းတလျှောက်မှာ နေထိုင်ကျက်စားလေ့ရှိပြီး ပီရူးနဲ့ ချီလီနိုင်ငံတို့မှာ အများအပြားတွေ့ရတယ်လို့ ဆိုပါတယ်။
ပင်ဂွင်းငှက်တွေဟာ အသက် သုံးနှစ်မှာ အရွယ်ရောက်ပြီး ကျောက်ဆောင် ကျောက်နံရံတွေနဲ့ ကျောက်လိုဏ်ဂူတွေမှာ အသိုက်ပြု လုပ်လေ့ရှိကာ တစ်ခါ သားပေါက်လျှင် ဥနှစ်ဥသာ ဥလေ့ ရှိတယ်၊ ဥတွေကို အဖိုနဲ့ အမမှာ တလှည့်စီဝပ်လေ့ရှိပြီး ရက် ၄ဝ အတွင်း အကောင်ပေါက်တယ်၊ သက်တမ်းကတော့ ၁၅ နှစ်က အသက်၂ဝ နှစ် အထိရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
The post တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၌ ဟမ်းဘို့ပင်ဂွင်းငှက် ၆ ကောင်ရောက်ရှိ appeared first on DVB.