Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ရွှေပြည်သာတွင် လေပြင်းတိုက်ခတ်ပြီး နေအိမ်များ ပျက်စီး

$
0
0

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ  ဒီနေ့မနက်ပိုင်းက လေပြင်းတိုက်ခတ်လို့ လူနေအိမ်တော်တော်များများ ပျက်စီးခဲ့ပါတယ်။

ဒီမနက်အစောပိုင်း ၃ နာရီကျော်က လေပြင်းတိုက်၊ မိုးရွာခဲ့တာကြောင့် ရွှေပြည်သာ အမှတ် ၈၊ ၉၊ ၁၉၊ ၂၀ စတဲ့ ရပ်ကွက်တွေမှာ သစ်ပင်တွေ၊ ဓာတ်မီးတိုင်တွေလည်း လဲပြိုပျက်စီးခဲ့တာပါ။

အဲဒီရပ်ကွက်တွေကို ဒီမနက်ကပဲ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မြို့တော်ဝန်ဦးမောင်မောင်စိုးကတော့ လေဆင်နှာမောင်းဒဏ် ခံခဲ့ရတာလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ-Ygn Chief Minister Office

The post ရွှေပြည်သာတွင် လေပြင်းတိုက်ခတ်ပြီး နေအိမ်များ ပျက်စီး appeared first on DVB.


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး