Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တနင်္သာရီမြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး နေအိမ်များ ရေနစ်မြုပ်နေ

$
0
0

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့မှာ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေလို့ နေအိမ်တချို့ ရေနစ်မြုပ်နေပါတယ်။

အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းလို့ တောင်ကျရေကနေတဆင့် တနင်္သာရီမြစ်ရေ လျှံတက်ပြီး အခုလို စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ရတာကြောင့် တနင်္သာရီမြို့ပေါ်က အိမ်ခြေ ၁၀၀ ကျော် ရေနစ်မြုပ်နေပါတယ်။

ရေတက်လို့ မြို့ပေါ်က အခြေခံပညာကျောင်းတွေမှာ စာသင်ခန်းအချို့ထဲ ရေဝင်နေပြီး ကလေးငယ်တွေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် မူလတန်းကနေ ၆ တန်းအထိ ဇူလိုင်လ ၁၇ ရက်နေ့ကနေ စတင်ပိတ်ထားရတယ်လို့ တနင်္သာရီမြို့ အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းက ဒီဗွီဘီကို ပြောပါတယ်။

တနင်္သာရီမြစ်ရေဟာ မိုးများတဲ့နှစ်တွေမှာ မြင့်တက်လေ့ရှိတာကြောင့် ၂၀၀၄ ခုနစ်က တိုင်းဒေသကြီး ရန်ပုံငွေနဲ့ တနင်္သာရီမြစ်ကို ရေထိန်းတံခါးတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း မြစ်ရေမကြီးခဲ့တော့ပေမယ့် အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့လို့ ပင်လယ်ရေမျက်နှာပြင်ထက် ၁၉ ပေ စိုးရိမ်ရေမှတ်ထက် ၂ ပေကျော် မြင့်တက်ခဲ့ပါတယ်။

မြစ်ရေ ဆက်လက်မြင့်တက်နေတာကြောင့် တနင်္သာရီမြို့က ဘန်းသဲကျေးရွာမှာလည်း ရေဘေး ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပါတယ်။ နောက်လေးရက်ထိ မိုးဆက်လက်ရွာသွန်း နိုင်တယ်လို့ မိုးလေဝသက ကြေညာထားတာကြောင့် မြစ်ရေကြီးမှုနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေက ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားပါတယ်။

ဓာတ်ပုံ – အောင်ကျော်


Viewing all articles

Trending Articles