Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဖားကန့် မြေပြိုကျမှု သေဆုံးသူ ၂၀ ရှိပြီ

$
0
0

ဖားကန့်မြို့နယ် ဆန်ခါကျေးရွာက မြေကမ်းပါးပြိုကျခဲ့ရာမှာ မြေပိသေဆုံးခဲ့တဲ့ အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့ပြီး ဇူလိုင် ၁၈ ရက်နေ့အထိ စုစုပေါင်း မြေပိသေဆုံးသူ အလောင်း ၂၀ ရှိသွားပြီလို့ မြင့်မြတ်သူ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဇူလိုင် ၁၄ ရက်နေ့က ဖားကန့်မြို့နယ် ဆန်ခါကျေးရွာ မြေကမ်းပါးပြိုကျခဲ့လို့ ပျေက်ဆုံးခဲ့တဲ့ သူတွေကို ရှာဖွေရာမှာ ရာသီဥတုအခြေအနေနဲ့ နေရာအနေအထားတွေကြောင့် ရှာဖွေရေး ခက်ခဲခဲ့ရပါတယ်။

ဇူလိုင် ၁၇ ရက်နေ့မှာ အလောင်း ၁ လောင်း၊ ၁၈ ရက်နေ့မှာ အလောင်း ၂ လောင်း၊ ရေပေါ် ပေါ်လာတဲ့အတွက် စုစုပေါင်း အလောင်း ၂၀ ရှိသွားပြီလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူ ၆ ယောက် ကျန်ရှိနေသေးပြီး မြစ်ကြီးနား၊ ဖားကန့်နဲ့ လုံးခင်းဆေးရုံတွေမှာ ကုသမှုခံယူနေတဲ့ လူနာတွေရဲ့ အခြေအနေကတော့ အသေအပျောက် မရှိဘူးလို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ဇော်မိုးထက်


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)