Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ရန်ကုန်မြစ် ထူးကဲဒီရေတက်ပြီး ရေကြီးရေလျှံနိုင်

$
0
0

ရန်ကုန်မြစ်အတွင်း ဒီကနေ့ သြဂုတ် ၁ဝရက်ကနေ ၁၆ ရက်ကာလအတွင်း ထူးကဲဒီရေတက်နိုင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေးကြေညာထားပါတယ်။

ရန်ကုန်မြို့ရဲ့ ရေစွန့်ထုတ်စနစ်ဟာ ဒီရေအတက်အကျရှိတဲ့ ရန်ကုန်မြစ်ကို အခြေခံထားတာဖြစ်လို့ ထူးကဲဒီရေတက်ချိန်မှာ အနိမ့်ပိုင်းနေရာတွေကို ဒီရေတွေ ဝင်ရောက်နိုင်တယ်၊ ဒီရေတက်တဲ့အချိန်နဲ့ မိုးသည်းထန်စွာရွာသွန်းချိန် တိုက်ဆိုင်ပါက အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံ နိုင်တယ်လို့ လည်းဆိုပါတယ်။

ဒီရေတက်လာပြီး ရေကြီးရေလျှံဖြစ်လာမှာကို ကြိုတင်ကာကွယ်တဲ့  အနေနဲ့ လတ်တလော ရန်ကုန်တိုင်း သင်္ကန်းကျွန်းနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ သဲအိပ်တွေနဲ့ တာဘောင် မြေဖို့တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ  ရေးသားထားပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုအိမ်ရာအနီး ငမိုးရိပ်ချောင်းဘေးမှာ တာဘောင်မြေဖို့ ဆောင်ရွက်နေသလို  အောင်သီတာ ရေတံခါးနဲ့ ဆီစက်ရုံလမ်း ဆီစက်ရုံဝင်းဘေး ကြီးပွားရေးဘက်အခြမ်း တာဘောင်ကိုလည်း သဲအိပ်တွေ ကာရံ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၃ဝ ရပ်ကွက် ငမိုးရိပ်ချောင်းဘေး ကမ်းနားလမ်းတာဘောင်နဲ့ သုဝဏ္ဏ ၂၄ ရပ်ကွက် နီလာလမ်း အရှေ့ဘက်နဲ့ ဘော်ဇင်လမ်းထိပ် ငမိုးရိပ်ချောင်းတာဘောင်ဘေးမှာ သဲအိတ်တွေဖို့နေပါတယ်။

အလားတူ တောင်ဥက္ကလာပမြို့နယ်မှာလည်း  ၄ ရပ်ကွက် ရေပေါက်ကြည်ချောင်းကို ဆယ်ယူတာဖို့နေတာ ၊ ၁၄ရပ်ကွက်ရွှေပြည်စိုးလမ်းရှိ ငမိုးရိပ်ချောင်းရေ တိုက်စားတဲ့နေရာကို သဲအိတ်တွေနဲ့ တာဖို့နေတယ်လို့လည်း မြိုတော်ဝန်က ဆိုပါတယ်။

ဓာတ်ပုံ-ရန်ကုန်မြို့တော်ဝန်


Viewing all articles

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ကရဝေး စိုက်ပျိုးနည်း


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ချစ်စရာ့ မြန်မာ့ဓလေ့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့...


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်