Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဥက္ကံတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ် ၅ လုံး ပျက်စီး

$
0
0

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ  သြဂုတ် ၁၃ ရက် မနက် ၃ နာရီလေက်က လေပြင်းတိုက်ခတ်ပြီး မင်းရဲကျော်စွာရပ်ကွက်အတွင်းရှိ လူနေအိမ် ၅ လုံး အမိုးလန် ပျက်စီးသွားပါတယ်။

ပျက်စီးသွားတဲ့ နေအိမ်က ဒေါ်ကရင်မက “ကျမတို့မိသားစုတွေ အိပ်နေချိန်မိုးရွာပြီး လေတိုက်တယ်။ အစကလေက ဖြည်းဖြည်းတိုက်တာ။ နောက်လေကဝေါဆိုပြီး တိုက်လိုက်တာ အိမ်အမိုးတွေ အကုန်လန်ပြီး ပစ္စည်းတွေလေထဲပါသွားတယ်။ လေကတော်တော်ပြင်းတာ ညဘက်ဆိုတော့ လိုက်မကောက်တတ်လို့  ဘေးကအိမ်တွေမှာ နေရတယ်။ မနက်ကျမှ ပစ္စည်းတွေ လိုက်ကောက်ရတယ်” လို့ ပြောပါတယ်။

လေပြင်းတိုက်လို့ ပျက်စီးသွားတဲ့လူနေအိမ်က ၅ လုံး၊ လူဦးရေ ၁၆ ဦးနဲ့ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၆ သိန်းဖိုလောက်ရှိတယ်လို့  အုပ်ချူပ်ရေးမှူးဦးတင်လှက ပြောပါတယ်။

သတင်း-မေသွယ်


Viewing all articles

Trending Articles