Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မယ်လအူးဒုက္ခသည်စခန်း မြေပြိုမှု ၁၁ ဦးဒဏ်ရာရ၊ ၈ ဦးပျောက်ဆုံး

$
0
0

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲက  မယ်လအူး ကရင်ဒုက္ခသည်စခန်းမှာ စက်တင်ဘာ၁၆ ရက်ညက မိုးသည်း ထန်စွာရွာသွန်း မြေပြိုမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးကာ လူ ၁၁ ဦးဒဏ်ရာရရှိပြီး  ၈ ဦးပျောက်ဆုံးနေပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကျဆင်းသလို မြေပြိုမှုကြောင့် ဒုက္ခသည် စခန်းရဲ့ အမှတ် ၁ ရပ်ကွက်မှာ မြေပြိုမှုဖြစ်ပွားခဲ့တာပါ။

မြေပြိုမှုကြောင့် လူနေအိမ်ခြေ ၅ လုံး လုံးဝပျက်စီးသွားသလို နောက်ထပ် နေအိမ် ၉ လုံးကလည်း နေထိုင်လို့မရတော့အောင် ပျက်စီးသွားတယ်လို့ ကရင်ဒုက္ခသည်ကော်မတီ ပြောခွင့်ရသူ စောဘွေက ပြောပါတယ်။

ပျောက်ဆုံးသူတွေထဲက ကလေးတဦးရဲ့အလောင်းကို ပြန်တွေ့ပြီဖြစ်ပြီး ကျန်သူတွေ ကိုတော့ ဒီနေ့မနက် ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

မြေပြိုမှုကြောင့်လူနေအိမ်တွေအပြင် ဘုရားကျောင်းနဲ့ တခြားစခန်းအဆောက်အုံတွေ လည်း ပျက်စီးသွားပါတယ်။

မယ်လအူးဒုက္ခသည် စခန်းဟာ ၂၀၀၄ ခုနှစ်မှာ ကရင်စစ်ဘေးရှောင်လာသူတွေနဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိ လူဦးရေ ၁၅၀၀၀ကျော် ခိုလှုံ နေထိုင်နေကြပါတယ်။

ဓာတ်ပုံ – Saw Bway, Sanio So


Viewing all articles

Trending Articles