Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြန်မာ့ဆင်ရိုင်း ၃၄ ကောင်ခန့် ပျောက်ဆုံးပျက်စီး

$
0
0

တရားမ၀င် ဆင်စွယ်ရောင်းဝယ်တဲ့  ဥပဒေမဲ့ ဆင်ဖမ်းသမားတွေကြောင့် မနှစ်တုန်းက မြန်မာ့ဆင်ရိုင်း အနည်းဆုံး ၃၄ ကောင်လောက် ပျောက်ဆုံးပျက်စီးခဲ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

Elephant copyမနှစ်တုန်းက ဆင်တွေကို သတ်ဖြတ်ခဲ့တဲ့ အမှု ၃၄ မှုမှာ ဆင်သတ်သမားတွေကို ဖမ်းဆီးရမိခဲ့ပေမယ့် ဒီထက်မက သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ယူဆကြောင်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအေးမြင့်မောင်က သတင်းမှာ ပြောပါတယ်။

မြန်မာ့တောတောင်ထဲမှာ ဆင်ရိုင်းတွေက ကောင်ရေ ၂၅၀၀ မှ ၃ ထောင်လောက်အထိ ရှိနေတာပါ။

ဒီအရေအတွက်ဟာ ၁၉၆၀-၁၉၇ လောက်က ကောင်ရေ ၆ ထောင်လောက်ကနေ ၁၉၉၁ မှာ ကောက်ယူတဲ့စာရင်းအရ ၄၆၃၉ ကောင်ကနေ ထပ်ပြီးလျော့နည်းသွားတာလို့ အစိုးရခန့်မှန်းစာရင်းတွေကို ကိုးကားပြီး ဒုဝန်ကြီးက ပြောပါတယ်။

ခုလို ဆင်ရိုင်းကောင်ရေ လျော့နည်းသွားရတာဟာ ဆင်စွယ်ကြောင့် အသတ်ခံရတာရော၊ အိမ်နီးချင်းနိုင်ငံတွေမှာ ခရီးသွားလုပ်ငန်းအတွက် သက်ရှိဆင် အကောင်လိုက် ခိုးသွင်းတာကြောင့် ဖြစ်တယ်လို့ မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက ပြောပါတယ်။

အစိုးရအနေနဲ့ တရားမ၀င် ဆင်စွယ်တွေကို ပြည်ပပို့ ဈေးကွက်ရော ပြည်ကွင်းဈေးကွက်တွေကိုပါ နှိမ်နင်းဖို့ လိုနေပြီး ဆင်ရိုင်းကောင်ရေက အနှစ် ၂၀ အတွင်း အကောင် ၂ ထောင်ကျော် လျော့နည်းသွားတာလို့ ထင်ရှားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးသိန်းအောင်က ပြောပါတယ်။


Viewing all articles

Trending Articles