Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ညောင်ဦးတွင် ​လေပြင်းတိုက်သဖြင့် နေအိမ်​ ၁၈ လုံး ပျက်​စီး

$
0
0

မန္တလေးတိုင်း၊ ညောင်​ဦးမြို့နယ်၊​ ကြအိုကျွန်း​ကျေးရွာမှာ မ​နေ့ည​နေ ၆ နာ​ကျော်​​လောက်​က မိုးသက်လေပြင်းတိုက်​ခတ်​လို့ လူ​နေအိမ်​ ၁၈ လုံး ပျက်​စီးခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်​။

ကြအိုကျွန်း​ကျေးရွာ တာဝန်​ခံ ကိုမိုးသူက “ည​နေ ၆ နာရီ​ ​ကျော်​​လောက်​က မိုး​​တွေ ​မှောင်​မည်းပြီးသည်းလာတာ၊ အိမ်​ထဲဘုရားတ​နေရတယ်​။ လေတိုက်​သံ​တွေ​ ကြား​နေရပြီး သစ်​ပင်​​တွေ ကျိုးသံ​တွေကြားလို့ မီးကြိုး​တွေပြတ်​ပြီး ရွာသား​တွေ အန္တရာယ်​ဖြစ်​မှာစိုးလို့ အိမ်​အပြင်​မထွက်​ကြဖို့ အသံချဲ့စက်​နဲ့ ​အော်​ခဲ့ရတယ်​။”လို့ ပြောပါတယ်။

မိုးသည်းထန်​ ​လေပြင်းတိုက်​ခတ်​လို့ အဲဒီ​ကျေးရွာက ​နေအိမ်​(၃)လုံး သစ်​ပင်​ပိပျက်​စီးပြီး ​နေအိမ်​ ၁၅ လုံး အမိုးလန်​ကုန်​ပါတယ်​။ ပျက်​စီးဆုံးရှုံးမှုတန်​ဖိုး ကျပ်၂၄ သိန်းခွဲ​လောက်​ရှိပြီး လူနဲ့ တိရိစ္ဆာန်​ ထိခိုက်​မှုမရှိဘူးလို့ ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦး​အောင်​​ဇော်​ဝင်းက ​ပြောပါတယ်​။

လေဘေးသင့် ဒေသကို စဥ့်ကူးနယ်​​မြေရဲကင်းစခန်းက ရဲတပ်​ဖွဲ့ဝင်တွေနဲ့အတူ စဥ့်ကူးနဲ့ ​ညောင်​ဦးက မီးသတ်​တပ်​ဖွဲ့ဝင်တွေကလည်း ကူညီ​ဆောင်​ရွက်​​ပေး​နေပါတယ်​။

ကိုလင်း(​ချောက်​)


Viewing all articles

Trending Articles