Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းငယ် ၁၂ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျှော့မည်

$
0
0

အိန္ဒိယနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကုန်းတွင်းမုန်တိုင်းငယ် (Depression) ဟာ  အရှေ့-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတို့၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာပင်လယ်ပြင်အခြေနေကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေဟာ ၁ နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ၆ ပေကနေ ၉ ပေလောက်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၄ ပေကနေ ၆ ပေလောက် ရှိနိုင်ပါတယ်။


Viewing all articles

Trending Articles