Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မုန်တိုင်းအန္တရာယ် ကော့သောင်းမြို့တွင် ကြိုတင်ပြင်ဆင် သတိပေးနှိုးဆော်

$
0
0

ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်အထိ ဖြစ်ပေါ်လာမယ့် “ပါဘက်”(Pabuk)  အပူပိုင်းမုန်တိုင်း သတင်းကြောင့် တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်မှာ မုန်တိုင်းအန္တရာယ် ကင်းရှင်းစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက  ဒီကနေ့ လိုက်လံနှိုးဆော် ကြိုတင်ပြင်ဆင်နေကြပါတယ်။

ကော့သောင်းဒေသဟာ မုန်တိုင်းဖြတ်သွားမယ့် လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတာကြောင့် မြို့နေပြည်သူတွေ သတိပြုနေထိုင်ကြစေဖို့နဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို  အစည်းအဝေး ခေါ်ယူညွန်ကြားထားပါတယ်။

“သဘာဝဘေးဖြစ်တဲ့အတွက် ကျနော်တို့ တားဆီးလို့ မရဘူးပေါ့။ အတတ်နိုင်ဆုံး ဘေးအန္တရာယ် လျော့ပါးအောင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နေ တယ်”လို့ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ထွန်းက ပြောပါတယ်။

ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်းတွေရှိ အပန်းဖြေ အလည်အပတ်ခရီး ပို့ဆောင်ပေးနေတဲ့ ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေကိုလည်း ဒီရက်ပိုင်းအတွင်း လုပ်ငန်းတွေ ရပ်နားထားကြဖို့နဲ့  ရေလုပ်သားတွေ ပင်လယ်ပြင်ကို မထွက်ကြဖို့လည်း သက်ဆိုင်ရာ ဌာနတွေက အသိပေးနှိုးဆော်ထားပါတယ်။

မုန်တိုင်းကြောင့် ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းအထိ လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်စွာ ရွာတာတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)ဟာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ရဲ့ အရှေ့တောင်ဘက် ၂၉၅ မိုင်ခန့်၊ ကော့သောင်းမြို့ရဲ့ အရှေ့တောင်ဘက်မိုင် ၄၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလဌာနက ဒီကနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း- လတ်ကိုဦး


Viewing all articles

Trending Articles