Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

‘ပါဘက်’မုန်တိုင်းကြောင့် မိုးသက်လေပြင်းကျလှိုင်းကြီးနိုင်၊ ငါးဖမ်းသင်္ဘောများကို သတိပေး

$
0
0

‘ပါဘက်’ အပူပိုင်းမုန်တိုင်းကြောင့် မိုးသက်လေပြင်းများကျရောက် လှိုင်းကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ် သင်္ဘောတွေ သတိပြုကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk)ဟာ ဒီမနက် ထိုင်းပင်လယ်ကွေ့ကိုရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ရဲ့ အရှေ့တောင်ဘက် ၁၂၅ မိုင်လောက်၊ မြန်မာနိုင်ငံ ကော့သောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၄၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်း ဗဟိုချက်လေဖိအား (၉၉၄) ဟက်တိုပါစကယ်နဲ့  အမြင့်ဆုံးလေတိုက်နှုန်းက တနာရီလျှင် မိုင် ၅၀ နှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။

မုန်တိုင်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး၊ ကုန်းတွင်းပိုင်း ကော့သောင်းမြို့ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့ အနီးကနေ ဒီကနေ့ညပိုင်း ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိနိုင်တယ်လို့  ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့မနက်မှ နောက် ၇၂ နာရီအတွင်း ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ရခိုင်နဲ့ ကယားပြည်နယ်မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး တချို့နေရာမှာ နေရာကွက် မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေလောက် ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- မိုးဇလ


Viewing all articles

Trending Articles