Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပါဘက်မုန်တိုင်း လာမည့် ၆ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိနိုင်

$
0
0

ကော့သောင်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၉၀ လောက်အကွာကို ဖြတ်ကျော်နေတဲ့ အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk) ဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နောက် ၆ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီ အချိန် တိုင်းထွာချက်အရ ထိုင်းနိုင်ငံကို ဖြတ်ကျော်နေတဲ့ အပူပိုင်းမုန်တိုင်း “ပါဘက်”(Pabuk) ဟာ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ ရဲ့ တောင်-အရှေ့တောင်ဘက် မိုင် ၉၀ လောက်၊ ကိုကိုးကျွန်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၄၆၀ လောက်၊ အိန္ဒိယနိုင်ငံ ပို့ပလဲယားမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၄၀၀ လောက်အကွာ၊ ထိုင်းနိုင်ငံ အေအိုးလိခ်မြို့(Ao Luek) အနီးမှ ဆက်လက်ဖြတ်ကျော်နေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ရှမ်းနဲ့ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်၊ ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာတော့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့မှာ ၈ ပေမှ ၁၀ ပေလောက်၊ ရခိုင်ကမ်းရိုးတန်းတလျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၆ ပေလောက် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။


Viewing all articles

Trending Articles