Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိန်းမလှကျွန်း၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်

$
0
0

မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊  နံ့သာကျွန်းနဲ့ မေယုမြစ်ဝဒေသကို ဆောင်းခိုငှက် ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ ဇီဝမျိုးစုံမျိုးကွဲနှင့်  သဘာဝ ထိန်းသိမ်းရေးအသင်းက သတင်းထုတ်ပြန်ပါတယ်။

အရှေ့အာရှနှင့်သြစတြေးလျ ငှက်များပျံသန်းလမ်းကြောင်းမိတ်ဖက်အဖွဲ့(EAAFP)က နံ့သာကျွန်းနဲ့မေယုမြစ်ဝကို ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ကြောင်း  ဇန်န၀ါရီ ၅ ရက်နေ့က ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှာ အခမ်းအနားကျင်းပပြီး ကြေညာခဲ့တာပါ။

မိုးယွန်းကြီးအင်း၊ အင်းတော်ကြီးကန်၊မုတ္တမပင်လယ်ကွေ့တို့ကိုလည်း ဆောင်းခိုငှက် ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၁၄ ခုနှစ်က သတ်မှတ်ခဲ့ပါတယ်။

၂၀၁၈ နိုဝင်ဘာ၁၉ ရက်မှာတော့  မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ နံ့သာကျွန်းနဲ့ မေယုမြစ်ဝကို ဆောင်းခိုငှက်ထိန်းသိမ်းရေးနယ်မြေ များအဖြစ် ထပ်မံ သတ်မှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့အာရှနဲ့ သြစတြေးလျ ငှက်တွေ ပျံသန်းလမ်းကြောင်းမိတ်ဖက်အဖွဲ့ (EAAFP)ကို  ၂၀၁၄ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- BANCA


Viewing all articles

Trending Articles