Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေဖိအားနည်းရပ်ဝန်း အားပျော့ပျက်ပြယ်

$
0
0

မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးမှာ ဖြစ်ပေါ်နေတဲ့  လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ ဒီကနေ့ မနက် မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန် တိုင်းထွာချက်အရ အားပျော့ပျက်ပြယ်သွားပြီလို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသဟာ အဆိုပါလေဖိအားနည်းရပ်ဝန်းရဲ့ အ၀န်းအ၀ိုင်းအတွင်း ကျရောက်ခဲ့လို့ သက်ရောက်မှုအန္တရာယ်ကို ခံစားနိုင်တယ်လို့ အစိုးရ သတင်းစာမှာ သတင်းထုတ်ပြန်ထားတာပါ။

လက်ရှိအချိန်မှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့မှာ တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာနေရာ ကွက်ကျား၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ  နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ် တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမယ်၊  ရွာရန်ရာနှုန်း၈၀ ဖြစ်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့် ၄ ပေမှ ၇ပေခန့် ရှိနိုင်တယ်လို့ လည်း ခန့်မှန်းထားပါ။


Viewing all articles

Trending Articles