Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မော်လိုက်မြို့အနီး အင်အားအနည်းငယ်ရှိ  မြေငလျင်လှုပ်

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီးမှာ ဒီကနေ့ မွန်းလွဲပိုင်းက  အင်အား ရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။  

ဇန်နဝါရီ ၁၆ ရက်၊ မြန်မာစံတော်ချိန်မွန်းလွဲ ၂ နာရီ၊ ၂၇မိနစ်၊ ၃၅စက္ကန့်မှာ  တမူးမြေငလျင်စခန်းကနေ တောင်ဘက် ၅၀ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း မော်လိုက်မြို့ရဲ့  အနောက်တောင်ဘက် ၁၂မိုင်ခန်အကွာ အနက် ၂၈ကီလိုမီတာကို ဗဟိုပြုပြီး ငလျင် လှုပ်ရှားသွားတာဖြစ်ပါတယ်။


Viewing all articles

Trending Articles