စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ရဲ့ အနောက်မြောက်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၅၁ မိနစ် ၂၄ စက္ကန့် အချိန်က တမူးမြေငလျင်စခန်းမှ တောင်ဘက် ၂၂ မိုင်လောက် ကွာဝေးတဲ့ မော်လိုက်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၂၀ လောက်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၉၀ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၄.၃၀ ဒီဂရီ၊ အနက် ၁၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။