စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဒီနေ့မနက်အစောပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မတ် ၁၆ ရက်နေ့မနက်အစောပိုင်း ၂ နာရီခွဲလောက်က ကလေးမြို့ရဲ့ အရှေ့တောင်ဘက် ၁၉ မိုင်ခန့်အကွာ။ မြောက်လတ္တီတွဒ် ၂၂.၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၁ ဒီဂရီ၊ ဗဟိုချက် အနက် ၅၂ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
မတ် ၁၃ ရက်နေ့ကလည်း ကလေးမြို့အနောက်တောင်ဘက်ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး အင်အား ၅.၁ အဆင့်ရှိ မြေငလျင်တခု လုပ်ခတ်ခဲ့ပါတယ်။